နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတသစ် ဂျိုးဘိုင်ဒင်က ညွှန်ကြားချက်အမိန့် ၁၀ ခုကို လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂


အမေရိကန်နိုင်ငံတွင် အကြီးအကျယ် ကူးစက်ပြန့်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရန်အတွက် သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားချက်အမိန့်များ လက်မှတ်ရေးထိုးခဲ့သည်။ သမ္မတ၏ ညွှန်ကြားချက်အမိန့်များအရ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောဂါစစ်ဆေးမှုများလည်း တိုးမြှင့်လုပ်ဆောင်မည်ဖြစ်သည်။ နှာခေါင်းစည်းကဲ့သို့ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အရေးပေါ်စည်းမျဉ်းများ ထုတ်ပြန်သွားမည်ဖြစ်သည်။


ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရန် လပေါင်းများစွာ အချိန်ကြာမြင့်မည်ဖြစ်သော်လည်း ပြည်သူ များ စည်းလုံးညီညွတ်မှုရှိပါက ကျော်လွှားနိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတညွှန်ကြားချက်အမိန့် ၁၀ ခု လက်မှတ်ရေးထိုး ထုတ်ပြန်ရာမှာ ဂျိုးဘိုင်ဒင်က ထည့်သွင်းပြောကြားခဲ့သည်။ ၄၆ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဂျိုးဘိုင်ဒင်က သမ္မတညွှန်ကြားချက် အမိန့်များ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။


ဂျိုးဘိုင်ဒင်၏ ညွှန်ကြားချက်အမိန့်များမှာ ဒေါ်နယ်ထရမ့်လက်ထက်နှင့် ကွဲပြားခဲ့ပြီး ပြည်နယ် တစ်ခုချင်းစီအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေစေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးဆိုင်ရာ မူဝါဒဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄ ဒသမ ၅ သန်းနီးပါးရှိပြီး လူ ၄၀၆၀၀၀ ကျော် သေဆုံးခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ