နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာကိုဗစ်၊ မြန်မာ့ကိုဗစ်နှင့် ကာကွယ်ဆေးခရီး

ဇန်နဝါရီ       ၂၂

ကမ္ဘာ့ကိုဗစ်ကပ်ရောဂါဟာ၊ ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၁၆ ရက်ထိ အတည်ပြုလူနာ ၉၃ သန်း၊‌ သေဆုံး ၂ ဒသမ၂ သန်းနဲ့ကမ္ဘာမြောက်ခြမ်းဆောင်းရာသီကာလမှာ ဗီဇပြောင်းမျိုးစိတ်(B.1.1.7)နဲ့အတူပေါက်ပွားပျံ့နှံ့ကူးစက်နေဆဲဖြစ်တယ်။ နိုင်ငံအလိုက်ကိုဗစ်ကာကွယ်ဆေးများ စုဆောင်းထိုးနှံလာကြပြီဖြစ်တယ်။

အစ္စရေးနိုင်ငံမှာ ဇန်နဝါရီ ၇ ရက်ကစပြီး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ရာ ဇန်နဝါရီ ၁၄ ရက်မှာ ကာကွယ်ဆေးထိုးနှံပြီးသူ နှစ်သန်းကျော်ရှိလာပြီး ဝန်ကြီးချုပ်ဘန်ဂျမင်နေသန်ယာဟုံကကပ်ရောဂါအဆုံး သတ်ဖို့ မျှော်လင့်ချက်အလင်းရောင်မြင်တွေ့နေရတယ်လို့ပြောကြားခဲ့တယ်။ ဥ‌ရောပသမဂ္ဂမှာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုကို ဦးဆောင်နေတဲ့ဒိန်းမတ်နိုင်ငံမှာ ကာကွယ်ဆေးဖြန့်ချိမှုနဲ့ ထိုးနှံမှုများအဆင်ပြေချောမွေ့နေပြီး၊နိုင်ငံလူဦးရေ ၅ ဒသမ ၈ သန်းမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံဟာ ဗိုင်းရပ်မျိုးဗီဇသစ်တစ်ရပ်ကူးစက်ပျံ့နှံ့မှာကိုစိုးရိမ်တာကြောင့် ဘရာဇီးလ်စတဲ့အမေရိကနိုင်ငံအများအပြားနဲ့ပေါ်တူဂီနိုင်ငံတို့မှ ခရီးသွားများကိုနိုင်ငံတွင်းဝင်ရောက်ခွင့်တားမြစ်ထားချိန်မှာ ဘရာဇီးလ်နိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက်မှာ နိုင်ငံတစ်ဝန်း ကိုဗစ်ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုကြီးကိုစတင် လုပ် ဆောင်နိုင်ဖို့ရည်ရွယ်" ထားတယ်လို့ ဘရာဇီးလ်မြို့တော်ဝန်အဖွဲ့အစည်းရဲ့အကြီးအကဲက ဇန်နဝါရီ ၁၄ ရက် က ဆိုတယ်။

တူရကီနိုင်ငံမှာ၊ တရုတ်နိုင်ငံထုတ်ဆိုင်နိုဗတ်(Sinovac)ကိုဗစ်ကာကွယ်ဆေးကိုစတင်ဖြန့်ချိနေချိန်မှာ ကာကွယ်ဆေးရဲ့ထိရောက်မှုနဲ့ပတ်သက်လို့ အငြင်းပွားနေတဲ့ကြားမှ သမ္မတအာဒိုဂန်က ဇန်နဝါရီ ၁၄ ရက်မှာ အန်ကာရာဆေးရုံမှ ဗိုင်းရပ်ကာကွယ်ဆေးထိုးနှံခဲ့တယ်။ ဂျော်ဒန်နိုင်ငံကလည်း၊ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးထိုးနှံမှုကိုစတင်ခဲ့ပြီး၊ ဘုရင်အဗ္ဗဒူလာက ဇန်နဝါရီ ၁၄ ရက်မှာ ကာကွယ်ဆေးထိုးနှံခဲ့တယ်။ အဗ္ဗဒူလာဟာ သူ့သားနဲ့အိမ်ရှေ့မင်းသားဟူစိန်၊ ဦးလေးဖြစ်သူ မင်းသားဟက်ဆန်းတို့နဲ့အတူဗိုင်းရပ်ကာကွယ်ဆေးထိုးနှံခဲ့တယ်။

အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်က ကိုဗစ်တိုက်ဖျက်ရေးနဲ့စီးပွား‌ရေးပြန်လည်နာလံထူဖို့ ဒေါ်လာ ၁ ဒသမ ၉ ထရီလျံ တန်ဖိုးရှိအစီအစဉ်များကို ဇန်နဝါရီ ၁၄ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ သမ္မတအဖြစ်စတင် ရုံးထိုင်မယ့်ပထမဆုံးရက်ပေါင်း ၁၀၀ မှာ အမေရိကန်ပြည်သူသန်း ၁၀၀ ကိုဗစ်ကာကွယ်ဆေးထိုးနှံသွားဖို့ ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ အရေးပေါ်ကော်မတီက ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ် ကူးစက် ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် အကြံပြုချက်များထုတ်ပြန်ဖို့ အသင့်ပြင်ဆင်ချိန်မှာ ဂျာမနီနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ဗိုင်းရပ်ကူးစက်ခံရသူနှစ်သန်းကျော် မြင့်တက်သွားကြောင်း သိရတယ်။

ဗြိတိန်နိုင်ငံမှာ နိုင်ငံတွင်းဝင်ရောက်လာသူများအနေနဲ့ဗိုင်းရပ်ကူးစက်ခံရခြင်းမရှိကြောင်း ဆေးစစ်ချက်ပြသဖို့လိုအပ်ပြီး၊ ပေါ်တူဂီနိုင်ငံမှာလော့ဒေါင်း (Lockdown) အသစ်တစ်ရပ်ချမှတ်ခဲ့ချိန်မှာ ဥရောပရဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီမှာ ဗိုင်းရပ်ကူးစက်ခံရသူနှစ်သန်းကျော်ထိမြင့်တက်ခဲ့တယ်။ အီးယူရဲ့လူဦး‌ရေ အထူထပ်ဆုံးနိုင်ငံမှာ ဇန်နဝါရီ ၁၄ ရက်က နေ့အလိုက်ဗိုင်းရပ်ကူးစက်ခံရသူ ၂၂၀၀၀ ထိမြင့်တက်ချိန်မှာ တင်းကျပ်တဲ့စည်းကမ်းချမှတ်ဖို့ လုပ်ဆောင်နေတယ်။

ကိုဗစ်ဗိုင်းရပ်စ် (COVID-19) အစ တရုတ်နိုင်ငံအရှေ့မြောက်ဘက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေတာကြောင့် ဒေသခံ ၂၈ သန်းကျော် လော့ဒ်ဒေါင်း (lockdown) ချမှတ်မှုအောက်မှာရှိနေစဉ် ဇန်နဝါရီ ၁၄ ရက်က နေ့အလိုက်ဗိုင်းရပ်ကူးစက်ခံရသူ ၁၄၄ ဦးရှိပြီး ၁၀ လကျော်အတွင်း နေ့အလိုက်ကူးစက်မှုအမြင့်ဆုံးဖြစ်လာခဲ့တယ်။ ဇန်နဝါရီ ၁၃ ရက်မှာ‌ နေ့အလိုက်ကူးစက်ခံရသူ ၁၃၈ ဦးထိရှိခဲ့ရာမှ ဇန်နဝါရီ ၁၄ ရက်မှာ ကူးစက်ခံရသူ ၁၄၄ ဦးထိမြင့်တက်ခဲ့တာကြောင့် နေ့အလိုက်ကူးစက်ခံရသူ ၂၀၂ ဦးစံချိန်တင်မြင့်တက်ခဲ့တဲ့ မတ် ၁ ရက်နောက်ပိုင်း၊‌ နေ့အလိုက်ကူးစက်ခံရသူအမြင့်ဆုံးပဲဖြစ်တယ်။ ဗိုင်းရပ်ကူးစက်ခံရသူ ၁၃၅ ဦးမှာ ဒေသတွင်းကူးစက်ခံရသူဖြစ်ကာ ၉၁ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်တက်နေတဲ့ ဟီပေပြည်နယ်ဖြစ်တယ်။တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်ကူးစက်ခံရသူပေါင်း ၈၇၉၈၈ ဦးရှိပြီး သေဆုံးသူ ၄၆၃၄ ဦးရှိတယ်။ ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးဆိုင်နိုဗတ်(Sinovac)ထိုးပေးနေပြီး၊ တရုတ်နှစ်သစ်ကူးကာလမှာနေအိမ်တွင်နေကြဖို့၊ ဒေသဖြတ်ကျော်သွားလာတာမလုပ်ဖို့ (China Daily) သတင်းစာမှာ ဇန်နဝါရီ ၁၅ ရက်က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးရရှိလာပါက စနစ်တကျထိုးနှံနိုင်ဖို့ပြင်ဆင်ဆောင်ရွက်နေ ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဝန်ထမ်းပေါင်း ၁၁၀၀၀ ရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့တယ်။လူထုအတွင်း ကိုဗစ်ရောဂါကာကွယ်နိုင်ရေး ၂၀၂၁-၂၀၂၂ အတွင်း အသက်(၁၈)နှစ်အထက် နိုင်ငံ့လူဦးရေ ၆၇ ရာခိုင်နှုန်းကျော်ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံကိုဗစ်ကာကွယ်ဆေးလုပ်ငန်းပေါင်းစုံ ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီစတုတ္ထအကြိမ်                   လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောကြားချက်အရ သိရပါတယ်။ ၂၀၂၁ ခုနှစ်မတ်လမှာ အိန္ဒိယမှဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့နှုန်းကျလာပေမယ့်လူတစ်သန်းမှာ သေဆုံးသူ ၅၃ ဦးရှိနေကာ၊ သေဆုံးနှုန်း (CFR)မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုတယ်။ ဇန်နဝါရီ ၁၄ ရက်ထိ ဓာတ်ခွဲအတည်ပြုသူ ၁၃၂၈၆၅ ဦးရှိပြီး၊ လူဦးရေတစ်သန်းမှာရောဂါဖြစ်နှုန်း ၂၄၁၂ ဦးရှိကြောင်း သေဆုံးသူ ၂၉၀၀ ကျော်ရှိပြီး လူဦးရေတစ်သန်းမှာသေဆုံးမှုနှုန်း ၅၃ ဦးရှိရာ ရောဂါဖြစ်ပွားသူ လူနာများအနက် သေဆုံးနှုန်း(CFR)ဟာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူများရဲ့ ၆၅ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ၊ သာမန်အတိုင်းနေကောင်းကျန်းမာစွာရှိနေလို့၊ အမြင်အရ၊ သူ့ထံရောဂါပိုး ရှိ၊ မရှိမသိနိုင်ဘဲ ကိုရိုနာဗိုင်းရပ်ပိုးဝင်နိုင်တဲ့အစက်အမှုန်များကအသက်ရှူထုတ်ခြင်းမှတစ်ဆင့်ငါးပေထိ၊ ချောင်းဆိုးခြင်းမှ တစ်စက္ကန့်မှာ ၃၃ ပေနှုန်းထိအရှိန်နဲ့ခြောက်ပေခွာခန့်ထိ၊ နှာချေခြင်းမှ တစ်စက္ကန့် ၁၆၄ ပေနှုန်းအရှိန်နဲ့ ၁၉ ပေခွဲခန့်ထိပျံ့နှံ့ရောက်ရှိနိုင်ကြောင်း သုတေသနတွေ့ရှိချက်များအရ၊ တစ်ကျော့ပြန်ကိုဗစ် ဗိုင်းရပ်ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကူးစက်မှုနှုန်းယခင်ထက် ၁၀ ဆထိပိုမိုလျင်မြန်တာ‌တွေ့ရှိထားတယ်။

မြန်မာနိုင်ငံအ‌နေနဲ့တစ်ဖက်က ကာကွယ်ဆေးထိုးလုပ်ငန်းအကောင်ထည်‌ဖော်နေသလို၊ နှာခေါင်းစည်း (Surgical Mask)၊ စည်းခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့်(၂၀)ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ၆ ပေခွာခြင်း၊ လူစုလူ‌ဝေး ရှောင်ခြင်းစတဲ့ ကျန်းမာရေးပညာပေးခြင်းများ တိုးမြှင့်လာသလို၊ စနစ်တကျကုသကာကွယ်ပေးခြင်းများပြုလုပ်လာနေပါတယ်။    ။    

    ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ