နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ပေးမှု အားနည်း၍ သပိတ်မှောက်မည်ဟု Amazon ကုမ္ပဏီဝန်ထမ်းများ ခြိမ်းခြောက်

Amazon ကုမ္ပဏီနှင့် အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းစုများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်နေသည့် အလုပ်သမားများအတွက် ပိုကောင်းသည့် ကာကွယ်မှုပေးနိုင်ရန် ဖိအားပိုများလာသည်။ ကုမ္ပဏီများအနေဖြင့် သင့်တော်သည့် ကာကွယ်မှုမရှိကြောင်း Amazon ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံအခြေစိုက် အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းစု Instacart မှ အလုပ်သမားများက စွပ်စွဲခဲ့ကြပြီး သပိတ်မှောက်ရန် ခြိမ်းခြောက်ခဲ့ကြသည်။ လက်ရှိဖြစ်ပွားနေသည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မိသည်ဟု အမေရိကန်အထက်လွှတ်တော်အမတ်များက Amazon ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘီဇို့စ်ထံ စာရေးသားပေးပို့ခဲ့သည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို တောင်းဆိုသူ များပြားလာရာ ဝန်ထမ်းများအတွက် ကြိုတင်ကာကွယ်ပေးမှုများ ထပ်တိုးဆောင်ရွက်ပေးနေသည်ဟု ကုမ္ပဏီများက ဆိုသည်။ “အလုပ်မဆင်းချင်သူတွေကို လစာမဲ့ခွင့်ယူမလား၊ လစာရတဲ့ခွင့်ယူမလားဆိုပြီး ရွေးချယ်စရာပေးပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေကို အဲဒီလိုပံ့ပိုးပေးနေပါတယ်’’ဟု Amazon ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ Amazon ကုမ္ပဏီအနေဖြင့် ယင်းတို့၏ အဆောက်အအုံများကို သန့်ရှင်းရေးတိုးမြှင့်လုပ် ဆောင်ခြင်း၊ အလုပ်ချိန်အဆိုင်းများနှင့် နားချိန်များ ဖန်တီးပေးခြင်း စသည့် ချိန်ညှိမှုများ ပြုလုပ်ပေးနေသည်ဟု Amazon ကုမ္ပဏီက ပြောသည်။ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို တောင်းဆိုသူ များပြားလာခြင်းကြောင့် Amazon ကုမ္ပဏီက ဝန်ထမ်း ၁၀၀၀၀၀ ထပ်မံခေါ်ယူရန် စီစဉ်နေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ