နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှုတ်ဆက်စကားပြောရာတွင် တစ်နည်းနည်းဖြင့် ပြန်လာခဲ့မည်ဟု ဒေါ်နယ်ထရမ့် ထည့်သွင်းပြောကြား

ဝါရှင်တန်   ဇန်နဝါရီ    ၂၁


သမ္မတသက်တမ်း ကုန်ဆုံး၍ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက် Joint Base Andrews လေတပ်စခန်းတွင် နှုတ်ဆက်စကားပြောချိန်၌ တစ်နည်းနည်းဖြင့် ပြန်လာခဲ့မည်ဟု ဒေါ်နယ်ထရမ့်က ဆိုခဲ့သည်။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သည့် ဒေါ်နယ်ထရမ့်မှာ ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံခဲ့ခြင်းမရှိသကဲ့သို့ နှုတ်ဆက်စကားဆိုရာတွင်လည်း ဂျိုးဘိုင်ဒင်၏ အမည်ကိုပင် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
ပုံမှန်အားဖြင့် သမ္မတသက်တမ်း ကုန်ဆုံး၍ ရာထူးမှ အနားယူမည့်သူများက သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့ရှိသော်လည်း ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။


သို့သော် ဒေါ်နယ်ထရမ့်မှာ အိမ်ဖြူတော်ကနေ မထွက်ခွာမီ သမ္မတသစ် ဂျိုးဘိုင်ဒင်အတွက် စာတစ်စောင် ချန်ထားပေးခဲ့သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ အဆိုပါစာမှာ ပုဂ္ဂိုလ်ရေး အကြောင်းအရာများ ရေးသားထားခြင်းဖြစ်ပြီး နောက်တက်မည့် အစိုးရသစ် အောင်မြင်ပါစေဟု ဆုတောင်းပေးထားဖွယ်ရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ