နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓမ္မပြုကျင့်ပြီး အသတ်ခံရဖွယ်ရှိသည်ဆိုသည့် လေယာဉ်မယ်အမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်ရဲမှူးချုပ်တစ်ဦးကို ရာထူးမှ ထုတ်ပယ်

မနီလာ    ဇန်နဝါရီ      ၂၁


အဓမ္မပြုကျင့်ပြီး အသတ်ခံရဖွယ်ရှိသည်ဆိုသည့် လေယာဉ်မယ်အမှုကို စုံစမ်းစစ်ဆေးရာတွင် ကိုင်တွယ်မှုပုံစံကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသရှိ မာကာတီမြို့ရဲမှူးချုပ်ကို ရာထူးမှ ဖယ်ရှားရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။


အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ် ခရစ္စတင်းဒါစီရာမှာ နှစ်သစ်ကူးအကြိုည ပါတီပွဲအပြီး ဟိုတယ်ခန်းတွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါသတင်းမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ဒါစီရာအတွက် တရားမျှတမှုဆောင်ကြဉ်းပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ သို့သော် အချို့သူများကလည်း ယောကျ်ား ၁၂ ယောက်နှင့် ပါတီပွဲဆင်နွှဲခဲ့သည့် ဒါစီရာကို အပြစ်တင်ဝေဖန်ခဲ့ကြသည်။


ဒါစီရာ၏အလောင်းကို မှုခင်းဆေးပညာဆိုင်ရာ တရားဝင်စစ်ဆေးချက် ထွက်မလာသေးမီ ရဲတပ်ဖွဲ့က အဓမ္မပြုကျင့်၊ လူသတ်မှုဟု ကောက်ချက်ချပြီး အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့သည်။ သို့သော် ယခုချိန်မှာ ယင်းတို့ ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်၍ ရဲအရာရှိများ၏ အစောပိုင်းကောက်ချက်ချမှုအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။


ဖမ်းဆီးခံရသူ ၃ ဦးအနက် တစ်ဦး၏ ပြောကြားချက်အရ ဒါစီရာနှင့် ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၁၂ ဦးလုံးမှာ လိင်တူချစ်သူများဖြစ်သည်ဟု သိရသည်။ ယင်းတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရခြင်းကြောင့် ပါတီပွဲတွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ဟု မဟုတ်မမှန် ဝန်ခံခဲ့ရခြင်းဟု သံသယရှိသူနှစ်ဦးက ဆိုသည်။


KNT






အခြားဆက်စပ်သတင်းများ