နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူများနှင့် အမြဲတမ်း တစ်သားတည်းဖြစ်စေရမည်ဟု အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် ကတိပြု

ဝါရှင်တန်    ဇန်နဝါရီ       ၂၁


အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့်ခွန်းပြောရာ၌ အမြဲတမ်း တစ်သားတည်းဖြစ်စေရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။


''ဘုရားနဲ့ ပြည်သူအားလုံးကို တိုင်တည်ပြီး ပြောတာပါ။ ကျွန်တော်က အမြဲတမ်း အမေရိကန်ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်ရစေမယ်။ အခြေခံဥပဒေ၊ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ အမေရိကကို ကာကွယ်သွားမှာပါ။ အာဏာကို မတွေးဘဲ ဖြစ်နိုင်ခြေအလားအလာကို တွေးပြီး ပြည်သူအားလုံးအတွက် ကျွန်တော့်ရဲ့တာဝန်ကို အစွမ်းကုန် ထမ်းရွက်သွားမှာပါ။ ကိုယ်ကျိုးကို မတွေးဘဲ ပြည်သူ့အကျိုးအတွက် ထမ်းရွက်သွားပါမယ်။ မျှော်လင့်ချက်၊ အကြောက်တရားကင်းမဲ့မှု၊ စည်းလုံးညီညွတ်မှု၊ စိတ်ဝမ်းမကွဲပြားမှုဆိုတဲ့ အမေရိကန်နိုင်ငံအကြောင်းကို ကျွန်တော်တို့အားလုံး ပါဝင်ရေးသားသင့်ပါတယ်'' ဟု ဂျိုးဘိုင်ဒင်က ပြောခဲ့သည်။


ဂျိုးဘိုင်ဒင်၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဒီမိုကရက်တစ်ပါတီဝင် သမ္မတဟောင်းများဖြစ်သည့် ဘားရက်အိုဘားမား၊ ဘီလ်ကလင်တန်၊ ဂျော့ဒဗလျူဘုရှ်တို့ တက်ရောက်ခဲ့သည်။ အသက် ၇၈ နှစ်ရှိသည့် ဂျိုးဘိုင်ဒင်မှာ အမေရိကန်နိုင်ငံသမိုင်း၏ ၄၆ ယောက်မြောက် သမ္မတ၊ ကျမ်းသစ္စာကျိန်ဆိုချိန်တွင် အသက် အကြီးဆုံး သမ္မတ ဖြစ်လာခဲ့သည်။ ဂျိုးဘိုင်ဒင်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမဆုံးရက်တွင် ဒေါ်နယ်ထရမ့်လက်ထက် ညွှန်ကြားချက်အမိန့်များကို ပယ်ဖျက်သည့် ညွှန်ကြားချက်များ လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။


KNT






အခြားဆက်စပ်သတင်းများ