မက်ဒရစ် ဇန်နဝါရီ ၂၁
စပိန်နိုင်ငံမြို့တော် မဒရစ်မြို့လယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့သည်။ ကနဦး စစ်ဆေးချက်အရ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မက်ဒရစ်မြို့တော်ဝန် အယ်မေးဒါးက ပြောသည်။
ကက်သလစ်ဘုရားကျောင်းက ပိုင်ဆိုင်သည့် အဆိုပါအဆောက်အအုံအတွင်း၌လည်း မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရခဲ့သည်။ ကယ်ဆယ်ရေးသမားများက အဆိုပါ အဆောက်အအုံဘေးရှိ စောင့်ရှောက်ရေးဂေဟာမှ လူ ၆၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ အဆောက်အအုံအနီးတွင် စာသင်ကျောင်းရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကျောင်းပိတ်ထားချိန်ဖြစ်သည်။
အဆိုပါပေါက်ကွဲမှုကို မဒရစ်မြို့၏ နေရာအများအပြားမှ အသံကြားခဲ့ရပြီး အဆောက်အအုံ ၄ ထပ် ပျက်စီးခဲ့သည်။
KNT