နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကြောင့် ဇင်ဘာဘွေ နိုင်ငံခြားရေးဝန်ကြီး ကွယ်လွန်

ဟာရာရီ    ဇန်နဝါရီ    ၂၁


ဇင်ဘာဘွေ နိုင်ငံခြားရေးဝန်ကြီး မိုယိုမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားကြောင်း ဇင်ဘာဘွေအစိုးရက ထုတ်ပြန်ခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် မိုယိုသည် ၂၀၁၇ ခုနှစ်တွင် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတမူဂါဘီထံမှ စစ်တပ်အာဏာလွှဲပြောင်းရယူကြောင်း ကြေညာခဲ့ရာ နိုင်ငံတကာတွင် လူသိများ ထင်ရှားလာခဲ့သည်။


ဇင်ဘာဘွေနိုင်ငံမှာ ပွဲတော်ကာလပြီးဆုံးသည့်နောက် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာခဲ့ပြီး လက်ရှိ အချိန်တွင် ကူးစက်ခံရသူ ၂၈၆၇၅ ဦး၊ သေဆုံးသူ ၈၂၅ ဦး ရှိနေသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ဝက်ကျော်မှာ နှစ်သစ်ကူးနေ့နောက်ပိုင်း ကူးစက်ခံရခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။


ပွဲတော်ကာလတွင် တောင်အာဖရိကနိုင်ငံမှ လူများ လာရောက်ခဲ့ခြင်းကြောင့် ရောဂါကူးစက်မှု မြင့်တက် လာခဲ့ခြင်းဟု ဆိုသည်။ တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကူးစက်မြန် ကိုဗစ်-၁၉ မျိုးဗီဇသစ် ကူးစက်ပြန့်ပွားခဲ့ပြီးနောက် ရောဂါကူးစက်မှု မြင့်တက်လာခဲ့သည်။ တောင်အာဖရိကနိုင်ငံမှာ အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ကူးစက်မှု အများဆုံး၊ သေဆုံးသူအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၃၈၀၀၀ ကျော် ရှိသည်။


KNT






အခြားဆက်စပ်သတင်းများ