နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်၊ မြင်တော်သာလမ်း ရေနုတ်မြောင်းတိုးချဲ့ ဆောင်ရွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဦး၊ သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်နှင့် အတွင်းရေးမှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းတို့ ကြီးကြပ်လျက် သာကေတမြို့နယ်၊ မြင်တော်သာလမ်း (ဇင်္ဂမလမ်းမှ စာတိုက်ရုံးအထိ) ရေနုတ်မြောင်းအကျယ် ၄ ပေ၊ အနက် ၅ ပေ ရေနုတ်မြောင်းတူးဖော်ဆောင်ရွက် ခြင်း၊ မြို့နယ်အတွင်း ပိတ်ဆို့နေသည့် Box Culvert ၁၃ ခုတို့အား အသစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၁၀/မြောက်ရပ်ကွက်၊ စံပြဥယျာဉ်ဈေးရှေ့ အကျယ် ၄ ပေ၊ အနက် ၅ ပေ နှင့် အရှည် ၄၉၀ ပေ ဆောင်ရွက်မှု အခြေအနေတို့အား ဇန်နဝါရီ ၂၁ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သာကေတမြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်လဲ့လဲ့ဖြိုးက ရှင်းလင်းပြသစဉ်။

၁၂၅






အခြားဆက်စပ်သတင်းများ