နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်ရန် ငွေကျပ်သိန်း ၂၀ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စု (ရဲနွဲ့တာအနီး) သုံးခွ-သန်လျင် ကားလမ်းဘေးဧရိယာ ၄ ဒသမ ၉၄ ဧကတွင် မြို့ဂုဏ်ဆောင်ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားများ နားခိုနိုင်ရန် စေတနာအလှူရှင်များ လှူဒါန်းမှုဖြင့် ဘိုးဘွားရိပ်သာအဆောက်အဦ တည်ဆောက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၁၁ နာရီက ကွယ်လွန်သူ သုံးခွမြို့၊ အမှတ် (၁၂) ရပ်ကွက်နေ ဦးဆော့၊ ဒေါ်ဝက်တို့အားရည်စူးပြီး ကျန်ရစ်သူ သားသမီးများက ငွေကျပ်သိန်း ၂၀ အား ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာတည်ဆောက်ရေး အကျိုးဆောင်အဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ငွေစာရင်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးကြည်လှက အလှူငွေ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့စဉ်။

ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ