နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တန်းမြို့နယ်၊ ပျဉ်းမကန်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ ကျောက်တန်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ် နှင့်တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းက ပျဉ်းမကန်ကျေးရွာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကျေးရွာများတွင် နွေရာသီရေဖူလုံစေရန်နှင့် ရေကောင်းရေသန့်ရရှိစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ရန်လျာထားသော ကျေးရွာများအနက်  ပျဉ်းမကန်ကျေးရွာ ရေကန်အနက်နှိုက်ခြင်း (၁၂၀’x ၁၄၀’x ၃’ ) ပေ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့စဉ်။

ဒေါ်ခင်ဆွေဝင်း(ကျောက်တန်း)






အခြားဆက်စပ်သတင်းများ