နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
“ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့်စားသောက်ကုန်များကို Mobile Market ဈေးကားများဖြင့် သွားရောက် ရောင်းချ”

ရန်ကုန်  ဇန်နဝါရီ ၂၁ ရက်

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ မြို့နယ်၊ ရပ်ကွက်များကို အိမ်တိုင်ရာရောက် စားသောက်ကုန်များကို Mobile Market ဈေးကားများဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းခရိုင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ်(၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ  ကျန်စစ်သားအိမ်ရာ၌ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါဆောင်ရွက်မှုသည် လတ်တလောဖြစ်ပေါ်လျက်ရှိသော COVID-19 ကူးစက်ရောဂါ ပြန့်ပွား မှုကို အထိုက်အလျောက် ထိန်းချုပ်ကာကွယ်နိုင်ရေး ပြည်သူများသန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီး ဟင်းရွက်နှင့် စားသောက်ကုန်များကို မိမိတို့နေထိုင်ရာမြို့နယ် ရပ်ကွက်များတွင် သင့်တင့်မျှတသော ဈေးနှုန်း ဖြင့် ဝယ်ယူရရှိနိုင်ရေးကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

    ဈေးကားများတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုတ်ပိုးပြီး ရေချို၊ ‌ရေငံ၊ ငါး၊ ပုဇွန် အမျိုးမျိုး ၊ ကြက်ဥ၊ ဘဲဥ၊ ကုန်ခြောက်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်စသည့် စားသောက်ကုန်များကို ဈေးကား(၉)စီးဖြင့် ဈေးနှုန်းချိုသာစွာ လက်လီရောင်းချပေးခဲ့ကြပြီး ဈေးရောင်းချပေးနေသည်ကို  ပြည်သူများ သိရှိနိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ကြသော ရောင်းသူ၊ ဝယ်သူများ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိရန်ကိုလဲ  ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

    ဈေးကားသို့ ဈေးဝယ်လာသူ ကျန်စစ်သား အိမ်ရာမှ မဆွေဆွေခင် က “ အခုလိုဈေးကားတွေနဲ့ လာရောက် ရောင်းချပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ ဈေးတွေမှာ သွားရောက်ဝယ်ယူစရာ မလိုတော့ဘူးပေါ့၊ စားသောက်ကုန်တွေက သန့်ရှင်းလတ်ဆတ်မှုလဲရှိတယ်၊ ဈေးနှုန်းကလဲ သက်သာပါတယ်၊ ပြီးတော့ ကျန်းမာ ရေးအရလည်း အထောက်အကူဖြစ်စေပါတယ်ဟု” ပြောသည်။

သတင်း၊ ဓာတ်ပုံ -ကျော်စိုး






အခြားဆက်စပ်သတင်းများ