နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ် တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ  ၂၀


 ဇန်နဝါရီ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာရှိ စားသောက်ဆိုင်ရှေ့တွင် လော်ပေါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် လော်ပေါ(၂၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ နမီကျေးရွာအနီးရှိ လှသိန်း(ခ)အိုက်သိန်း၏ လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၈၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၀ နာရီအချိန် မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာနေ နိုင်ကိုမင်း(ခ)ဖိုးငယ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် လှသိန်း(ခ)အိုက်သိန်း(၄၅)နှစ်၊ နိုင်ကိုမင်း(ခ)ဖိုးငယ်(၃၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ