နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်နှင့် မံစီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖားကန့်၊ ဇန်နဝါရီ  ၂၀


ဇန်နဝါရီ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဖားကန့်မြို့နယ်၊ မျောက်ဖြူကျေးရွာနေ မနှင်းခိုင်(ခ)နှင်းနှင်းခိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် မသန်းသန်းဆွေ တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၉၆ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီအချိန် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာအနီးတွင် ဇော်ယော်အား စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ပြား၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မနှင်းခိုင်(ခ)နှင်းနှင်းခိုင်(၃၈)နှစ်၊ မသန်းသန်းဆွေ(၅၁)နှစ်၊ ဇော်ယော်(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-မိုင်းခေါင်ကျေးရွာသွားလမ်း၊ ဟန်ထက်ကျေးရွာအနီးတွင် ဇော်မင်းထွန်း(ခ)အိငယ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၃၂၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းထွန်း(ခ)အိငယ်(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ