နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့သည့် အမျိုးသမီး ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံရ

ရောမ၊ ဇန်နဝါရီ ၂၀


ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခဲ့ခြင်းကြောင့် ထိုင်းအမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။ အဆိုပါပြစ်ဒဏ်မှာ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ခြင်းကြောင့် အကြီးလေးဆုံးဖြစ်သည်။


အန်ချန်းဟု ခေါ်ဆိုသည့် ပြည်သူ့ဝန်ထမ်းဟောင်း အမျိုးသမီးမှာ podcast မှ အသံဖိုင်များကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ယင်းအနေဖြင့် အသံဖိုင်များကို ဝေမျှခဲ့ခြင်းသာဖြစ်ပြီး အသံဖိုင်ထဲမှ အကြောင်းအရာကို ဝေဖန်ခဲ့ခြင်းမရှိကြောင်း အသက် ၆၃ နှစ်အရွယ် အမျိုးသမီး အန်ချန်းက ပြောသည်။


တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်ခြင်း မပြုရန် တားမြစ်ထားသည့် ထိုင်းနိုင်ငံ၏ဥပဒေမှာ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးဥပဒေတစ်ရပ်ဖြစ်သည်။ အဆိုပါဥပဒေကျင့်သုံးမှုကို သုံးနှစ်ကြာ ရပ်ဆိုင်းခဲ့သော်လည်း ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက လပေါင်းများစွာ ကြာမြင့်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို တားဆီးရန် အငြင်းပွားဖွယ် အဆိုပါဥပဒေကို ပြန်လည်ချမှတ်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဘုရင်စနစ်ကို အပြောင်းအလဲလုပ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။


အန်ချန်းမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကြားကာလအတွင်း YouTube နှင့် Facebook တွင် အသံဖိုင်များ ဝေမျှခြင်း၊ တင်ခြင်းပြုလုပ်ခဲ့ခြင်းကြောင့် ဥပဒေချိုးဖောက်မှု ၂၉ ခုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်ဟု ယင်း၏ရှေ့နေက ပြောသည်။ အန်ချန်းကို အစောပိုင်းက ထောင်ဒဏ် ၈၇ နှစ် ချမှတ်ခဲ့သော်လည်း အပြစ်ရှိသည်ဟု ဝန်ခံခဲ့ခြင်းကြောင့် ပြစ်ဒဏ်တစ်ဝက် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ