နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံက ဝီဂါမျိုးနွယ်ဝင်များကို ဂျီနိုဆိုက်လုပ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀


ဝီဂါနှင့် အခြားမွတ်စလင်များကို ဖိနှိပ်ရာတွင် တရုတ်နိုင်ငံက ဂျီနိုဆိုက်လုပ်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။
''ဂျီနိုဆိုက်လုပ်ရပ်တွေ ဖြစ်နေဆဲလို့ ကျွန်တော် ယုံကြည်ပါတယ်။ တရုတ်နိုင်ငံရဲ့ တစ်ပါတီအစိုးရက ဝီဂါမျိုးနွယ်ဝင်တွေကို စနစ်တကျချေမှုန်းနေတဲ့ အထောက်အထားတွေ တွေ့ရပါတယ်'' ဟု သမ္မတဒေါ်နယ်ထရမ့် အစိုးရ၏ နောက်ဆုံးနေ့တွင် မိုက်ပွမ်ပီယိုက ပြောခဲ့သည်။


ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ရွေးချယ်ထားသည့် အန်တိုနီဘလင်ကန်ကလည်း အဆိုပါတွေ့ရှိချက်ကို သဘောတူညီသည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း '' မွမ်းမံသင်ကြားရေးစခန်း'' ဟု အမည်ပေးထားသည့် နေရာများတွင် တရုတ်နိုင်ငံက ဝီဂါမျိုးနွယ်ဝင် တစ်သန်းကို ထိန်းသိမ်းခဲ့သည်ဟု အခွင့်အရေးအဖွဲ့များက ယုံကြည်နေသည်။ ဘီဘီစီသတင်းဌာန ၏ စုံစမ်းစစ်ဆေးမှုအရ တရုတ်နိုင်ငံတွင် ဝီဂါမျိုးနွယ်ဝင်များကို အတင်းအကျပ် အလုပ်ခိုင်းစေမှုများရှိသည်ဟု ယူဆထားသည်။             


                                               
 KNT






အခြားဆက်စပ်သတင်းများ