နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရည်မှန်းထားသည်ထက် ပိုလုပ်ပေးနိုင်ခဲ့သည်ဟု နှုတ်ဆက်မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့် ပြောကြားခဲ့

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀


သမ္မတရာထူးမှ ဆင်းမပေးမီ နှုတ်ဆက်မိန့်ခွန်းပြောရာတွင် '' ရည်မှန်းထားသည်ထက် ပိုမိုလုပ်ပေး နိုင်ခဲ့ကြောင်း'' အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။ YouTube ပေါ် တင်ထားသည့် နှုတ်ဆက်မိန့်ခွန်း ရုပ်သံမှတ်တမ်းတွင် ဒေါ်နယ်ထရမ့်က '' ခက်ခဲကြမ်းတမ်း တဲ့ တိုက်ပွဲတွေ၊ အကြမ်းတမ်းဆုံးတိုက်ပွဲတွေ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်ကို ဒီတာဝန်အတွက် ရွေးကောက်ခဲ့တာမို့လို့ပါပဲ'' ဟု ပြောသည်။


ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်နိုဝင်ဘာလက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့သည့်ရလဒ်ကို အပြည့်အဝ လက်ခံခြင်းမရှိသေးပေ။ ဒေါ်နယ်ထရမ့် မှာ သမ္မတသက်တမ်း နောက်ဆုံးနေ့တွင် ရက်အဆိုတော်များဖြစ်သည့် လီဝိန်း၊ ကိုဒက်ဘလက်၊ ဒက်ထရွိုက်မြို့တော်ဝန်ဟောင်း ကီပက်ထရစ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ယင်းအနေဖြင့် အကြံပေးအရာရှိဟောင်း စတိဗ်ဘန်နွန်အပါအဝင် အကျဉ်းသားဒါဇင်ပေါင်းများစွာကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့မှုများ လုပ်ပေးခဲ့သည်။


ဂျိုးဘိုင်ဒင်မှာ သမ္မတအဖြစ်  ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင်ရက်တွင်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သည့် အမေရိကန်နိုင်ငံသား ၄၀၀၀၀၀ အတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့သည်။ ယင်းတို့ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်သည့်အနေဖြင့် ဝါရှင်တန်ဒီစီရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံရှေ့တွင် မီးသီး ၄၀၀ ထွန်းညှိခဲ့သည်။                                                                    


KNT






အခြားဆက်စပ်သတင်းများ