နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီနိုင်ငံတွင် ပိတ်ဆို့မှုအချိန်ကာလကို သက်တမ်းတိုးမြှင့်

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် အီတလီနိုင်ငံတစ်ဝန်း ပိတ်ဆို့ထားမှုကို အီစတာပွဲတော်ကာလအထိ သက်တမ်းတိုးမြှင့်လိုက်သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အီတလီနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၈၁၅ ဦးရှိခဲ့သော်လည်း ပြီးခဲ့တဲ့တနင်္လာနေ့တွင် ကူးစက်ခံရသူဦးရေ ကျဆင်းသွားခဲ့ပြီး ကူးစက်ခံရသူ ၁၆၄၈ ဦးသာ ရှိခဲ့သည်။ သို့သော် သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၇၅၆ ဦးရှိခဲ့ရာမှ ပြီးခဲ့သည့်တနင်္လာနေ့တွင် ၈၁၂ ဦး သေဆုံးခဲ့သည်။ လာမည့်ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုအခြေအနေ အထွတ်အထိပ် ဖြစ်လာလိမ့်မည်ဟု အီတလီနိုင်ငံက ယုံကြည်နေသည်။ အီတလီနိုင်ငံမှာ COVID-19 ရောဂါကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်ပြီး စုစုပေါင်း ၁၁၅၉၁ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က သေဆုံးသူများတွင် ဆရာဝန် ၁၁ ဦးပါဝင်ခဲ့ရာ အီတလီနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးခဲ့သည့် ဆရာဝန် ၆၁ ဦးအထိ ရှိလာခဲ့ကြောင်း အီတလီနိုင်ငံ ဆရာဝန်များ အစည်းအရုံးက ကြေညာခဲ့သည်။ အီတလီနိုင်ငံတွင် ကနဦးချမှတ်ထားသည့် ပိတ်ဆို့မှုစည်းမျဉ်းမှာ လာမည့်သောကြာနေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုအခါတွင် သက်တမ်းတိုးမြှင့်လိုက်ခြင်း ကြောင့် အနည်းဆုံး ဧပြီလ ၁၂ ရက်(အီစတာပွဲတော်)အထိ အကျုံးဝင်နေမည်ဖြစ်သည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ