နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖူးကြီးရေလှောင်ကန်ဘောင်ပေါ်တွင် အပန်းဖြေသူများထံမှ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ခြိမ်းခြောက်လုယူသူ ၃ ဦးဖမ်းဆီးအရေးယူ

မှော်ဘီ၊ ဇန်နဝါရီ  ၂၀

လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာ၊ ဇုံ(၂)လမ်း၊ အမှတ် (၃၇)နေ မောင်----သည် DAYAN-110 အမျိုးအစားဆိုင်ကယ်အား ၎င်း၏ဇနီး၊ အမျိုးသမီးသူငယ်ချင်းတို့နှင့်အတူ ၃ ဦးစီးပြီး မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်ကန်သို့ သွားရောက်ခဲ့ကြကြောင်း၊ ကန်စပ်၌ ဇနီးဖြစ်သူနှင့် ၎င်း၏သူငယ်ချင်းအား ဓာတ်ပုံရိုက်ပေးနေစဉ် အမည်မသိအမျိုးသား ၃ ဦး HONDA-125 အမျိုးအစားဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး "မင်းတို့ကို အလှူခံတာ မင်းတို့မှာပါတဲ့ ဖုန်း၊ ငွေ ပါတာ အကုန်ပေး။ အော်ရင်သတ်ပစ်မယ်" ဟု ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း ၃ လုံး၊ ရွှေထည်ပစ္စည်း ၃ မျိုးနှင့် DAYAN-110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ စုစုပေါင်းတန်ဖိုးငွေ ၂,၄၅၀,၀၀၀ ကျပ်အား ခြိမ်းခြောက်လုယူ ထွက်ပြေးသွားသောကြောင့် မှော်ဘီမြို့မရဲစခန်း တွင် အမှုဖွင့်တိုင်တန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်တွင် ဖူးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မသင်္ကာသူ ပြည့်ဖြိုးကျော်(ခ)ကရင်အား ထိန်းသိမ်းထားရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ၎င်းနှင့်အတူ နေလအောင်(ခ)ဇောင်းကြီး(ခ)ချီးကုတ်၊ ဇော်မျိုးမင်း(ခ)ဂျပု (ခ)မိုးသက်ဇော်တို့ ၃ ဦးက ပြစ်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျန်တရားခံ ၂ ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၇ ရက်တွင် နေလအောင်(ခ)ဇောင်းကြီး(ခ) ချီးကုတ်နှင့် ဇော်မျိုးမင်း(ခ)ဂျပု(ခ)မိုးသက်ဇော်တို့ကို မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်နယ်မြေအတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ပြည့်ဖြိုးကျော်(ခ)ကရင်ပါ ၃ ဦးကို စစ်ဆေးရာ အလားတူပြစ်မှု ၂ မှုအား ကျူးလွန်ခဲ့ ကြကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်၍ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းကာ ယင်းတို့ ၃ ဦး အား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ