နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ စွန့်ပစ်စေချင်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

အမှိုက်ဟူသည် မကောင်းသောစွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊             ကျန်းမာရေးထိခိုက်စေခြင်းစသည်တို့ ဖြစ်တတ်သည်ကိုသိပါလျက် မဆင်မခြင်စွန့်ပစ်နေခြင်း ဖြစ်သည်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။ အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။ လူဦးရေထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်လည်း များပြားတတ်သည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိနေသည်။ လူတို့စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များထက် မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များက ပိုသည်။ အထူးသဖြင့် မြို့တွင်းအထပ်မြင့်တိုက်များတွင် နေထိုင်ကြသူတို့သည် နေ့စဉ်မိမိနေအိမ်မှ စွန့်ပစ် အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ သို့မဟုတ် အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရ ပေသည်။ ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ အထပ်မြင့်မှ နောက်ဖေးလမ်းကြားသို့ အလွယ်တကူစွန့်ပစ်ခြင်းသည် စည်းကမ်းမဲ့ပြုလုပ်ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာကာများကို မိမိနေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း မဖြစ်မနေတပ်ဆင်သွားလာနေကြ သည်။ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျချည်နှောင်၍ အမှိုက်ပုံးများသို့စွန့်ပစ်ရန် လိုအပ်ပေသည်။ တချို့က အလွယ်တကူစွန့်ပစ်နေကြသည်။ အမှိုက်သိမ်းဆည်းခြင်းသည် ရှက်စရာမဟုတ်ဘဲ အမှိုက်များကို မဆင်မခြင်စွန့်ပစ်ခြင်းသည် ရှက်စရာကောင်းသောအလုပ်ဖြစ်သည်ကို သတိပြုမူကြဖို့လိုပေ သည်။ မြို့ပြနေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်တတ် သည့် အလေ့အထကိုကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။

မြို့ပြနေပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာရေး၊ စည်းကမ်းပြည့်ဝသော မြို့ကြီးသားဖြစ်အောင် ပြည်သူတစ်ရပ်လုံး၏စွမ်းအားဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသပ်ရပ်သော ဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်လာမည်ဖြစ်သည်။ ယနေ့အခြေအနေတွင် ရန်ကုန်မြို့လယ်မှာ အပန်းဖြေနေရာများ တဖြည်းဖြည်း ရှားလာပြီး နောက်ဖေးလမ်းကြားများ နိုင်ငံတော်မှကွန်ကရစ်ခင်းခြင်းများ ပံ့ပိုးပေးလျက်ရှိရာ ပန်းဘဲတန်းမြို့နယ်တွင် နောက်ဖေးလမ်းကြား ၁၂ ခု ပြီးစီးသွားပြီဖြစ်သည်။

အဆိုပါနေရာများအနက် လမ်း ၃၀ နှင့် ၂၉ (အလယ်) ဘလောက်နောက်ဖေးလမ်းကြားကို ပန်းဘဲတန်းမြို့နယ် စိမ်းလန်းစိုပြည်ဥယျာဉ်မြေ ပြုပြင် ထိန်းသိမ်းရေးကော်မတီနှင့် ဒို့အိမ်နှင့် ရပ်ကွက်ပြည်သူများပူးပေါင်း၍ ပြည်သူများ အပန်းဖြေနိုင်ရန် ရောင်စုံ လမ်းကြားဖန်တီးရာတွင် နောက်ဖေးလမ်းကြားနံရံပန်းချီကားများကို မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ပန်းဘဲတန်းမြို့နယ်) ပန်းချီဆရာများက မေတ္တာဖြင့်ကူညီဆောင်ရွက် ရေးဆွဲပေးခဲ့သည်။ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ပြည့်စုံလာပြီး နေချင်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်းကျင်ဖြစ်ပေါ်လာမည်ဖြစ်ရာ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်ဟု ဆိုချင်ပါကြောင်း။         ။






အခြားဆက်စပ်သတင်းများ