နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျာနိုင်ငံတွင် လက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံး

မေ ၁၁၊  နီယာမေ

နိုင်ဂျာနိုင်ငံရှိ ကျေးရွာအများအပြားတွင် သေနတ်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
ပြီးခဲ့သည့်စနေနေ့တွင် သေနတ်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာကြောင်း တီလာဘာရီပြည်နယ် အုပ်ချုပ်ရေးမှူး ကာတီလာက ပြောသည်။ မည်သည့်အဖွဲ့ကဟု ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသည့် လက်နက်ကိုင် များက ဈေးဆိုင်များကို ဖောက်ထွင်းပြီး ကျွဲ၊ နွား၊ ကြက်၊ ဘဲ စသည့်တိရစ္ဆာန်များ ခိုးယူကာ ရွာသားများကို ထွက်ပြေးကြရန် အမိန့်ပေးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

မာလီ၊ ဘာကီနာဖာဆို၊ ဘီနင် စသည့်နိုင်ငံများနှင့် နယ်စပ်ချင်းထိစပ်နေသည့် တီလာဘာရီပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကတည်းက အရေးပေါ်အခြေအနေ ကြေညာထားရသည်။ အဆိုပါဒေသတွင် အမျိုးသားအစိုးရအဖွဲ့များ၏ ထိန်းချုပ်မှု အားနည်းလျက်ရှိရာ IS အဖွဲ့၊ အယ်ကေးဒါးအဖွဲ့များနှင့် ဆက်နွှယ်နေသည့် လက်နက်ကိုင်များက လှုပ်ရှားလျက်ရှိသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အစိုးရစစ်သည် ၁၇၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ ဂျီဟတ်အဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ဖွယ်ရှိသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ပြောသည်။                

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ