နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာနိုင်ငံတွင် ၁၈ လကြာ ပြန်ပေးဆွဲခံခဲ့ရသည့် အီတလီနိုင်ငံသူ ပြန်လွတ်မြောက်

မေ  ၁၁၊  ရောမ

၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကင်ညာနိုင်ငံတွင် ပြန်ပေးဆွဲခံရသည့် အီတလီနိုင်ငံသူ ထောက်ပံ့ရေးဝန်ထမ်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အီတလီနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရောမမြို့သို့ ရောက်ရှိလာသည့် ရိုမာနိုကို ယင်း၏မိဘများနှင့် ညီမဖြစ်သူက ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီ၊ နိုင်ငံခြားရေးဝန်ကြီးတို့က လာရောက်နှုတ်ဆက်ခဲ့သည်။ အသက် ၂၅ နှစ် ရှိသည့်  ရိုမာနိုမှာ ပြီးခဲ့သည် စနေနေ့က ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူမြို့အနီးတွင် အယ်လ်ရှာဘတ်အဖွဲ့ဟု ယူဆရသည့်အဖွဲ့က လွှတ်ပေးလိုက်ခြင်းဟု သတင်းများက ဖော်ပြသည်။

ရိုမာနို ပြန်လွတ်မြောက်လာရန် အီတလီနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့က ကြိုးပမ်းခဲ့ပြီး ဆိုမာလီနှင့် တူရကီ နိုင်ငံများက ဝိုင်းဝန်းကူညီခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ရိုမာနိုမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကင်ညာ နိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ပထမဆုံး နိုင်ငံခြားသားဖြစ်ပြီး ၁၈ လကြာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းကို ပြန်ပေးဆွဲ ခြင်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ယင်းတို့၏လက်ချက်ဟု ထုတ်ပြန်ခဲ့ခြင်းမရှိပေ။                    

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ