နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီဝန်ကြီးချုပ် မာကယ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းခဲ့သည့် ဖင်လန်နိုင်ငံဆိုင်ရာ မော်လ်တာသံအမတ် ရာထူးမှ နုတ်ထွက်

မေ  ၁၁၊  ဗယ်လက်တာ

ဂျာမနီဝန်ကြီးချုပ် မာကယ်ကို နာဇီခေါင်းဆောင် ဟစ်တလာနှင့် ခိုင်းနှိုင်းခဲ့ပြီးနောက် ဖင်လန်နိုင်ငံဆိုင်ရာ မော်လ်တာသံအမတ်မှာ ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဒေသခံမီဒီယာတစ်ခုက ဖော်ပြသည်။

''လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ကျွန်တော်တို့ ဟစ်တလာကို တားဆီးခဲ့တယ်။ အန်ဂျလာမာကယ်ကို ဘယ်သူ တားဆီးမှာလဲ။ သူက ဟစ်တလာရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါပြီ။ ဥရောပတိုက်ကို ထိန်းချုပ်ဖို့ပေါ့'' ဟု ဖင်လန်နိုင်ငံဆိုင်ရာ မော်လ်တာသံအမတ် တာဘိုနာက ယင်း၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော် နောက်ပိုင်းတွင် အဆိုပါရေးသားဖော်ပြချက်ကို ပြန်ဖျက်ခဲ့သည်။ အဆိုပါဖြစ်ရပ်အတွက် ဂျာမနီနိုင်ငံကို တောင်းပန်သွားမည်ဟု မော်လ်တာ နိုင်ငံခြားရေးဝန်ကြီး ဘာတိုလိုက ပြောသည်။

တာဘိုနာသည် ၂၀၁၄ ခုနှစ်က ဖင်လန်နိုင်ငံဆိုင်ရာ မော်လ်တာသံအမတ်အဖြစ် စတင် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ တာဘိုနာက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မှတ်ချက်တစ်စုံတရာပေးခြင်း မရှိသေးပေ။

တာဘိုနာမှာ နိုင်ငံရေးအရ အဆိုပါရာထူးတွင် ခန့်အပ်ခံရခြင်းဖြစ်ပြီး သံအမတ် အရည်အချင်းပြည့်ဝသူ မဟုတ်ဟု သတင်းများက ဖော်ပြသည်။   
                                    
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ