နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားနယ်စပ်ရှိ တရုတ်နိုင်ငံ၏ မြို့တစ်မြို့တွင် COVID-19 လူနာ မြင့်တက်လာ၍ အသွားအလာပိတ်ဆို့

မေ  ၁၁၊  ဘေဂျင်း

မြောက်ကိုရီးယားနယ်စပ်အနီးရှိ တရုတ်နိုင်ငံ၏ မြို့တစ်မြို့တွင် COVID-19 ကူးစက်ခံရသူ မြင့်တက် လာခြင်းကြောင့် အသွားအလာပိတ်ဆို့ထားသည်။

ကျီလင်းပြည်နယ်ရှိ ရှူလန်မြို့တွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့က COVID-19 လူနာသစ် ၁၁ ဦး ထပ်တိုးလာခဲ့သည်။ လူနာသစ် ၁၁ ဦးလုံးမှာ ရောဂါပိုးရှိသည့် ခဝါသည်အမျိုးသမီးနှင့် ဆက်နွှယ်နေသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ အသက် ၄၅ နှစ်ရှိသည့် ခဝါသည်အမျိုးသမီးမှာ ခရီးသွားရာဇဝင်မရှိသူဖြစ်သည်။ ယင်းမှတစ်ဆင့် ခင်ပွန်းဖြစ်သူ၊ ညီအစ်မဖြစ်သူများနှင့် အခြားမိသားစုဝင်များကို ကူးစက်ခဲ့ခြင်းဟု ဆိုသည်။

ခဝါသည်အမျိုးသမီးအနေဖြင့် မည်ကဲ့သို့ ရောဂါကူးစက်ခံရသည်ဆိုခြင်းကို လူမှုကွန်ရက်ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြသည်။ ရှူလန်မြို့တစ်ဝန်းရှိ အများပြည်သူဆိုင်ရာ နေရာများကို ပိတ်ထားပြီး ဒေသခံအားလုံး ကိုလည်း အိမ်ထဲတွင်သာ နေကြရန် ညွှန်ကြားထားသည်။ ပြည်သူ့ပို့ဆောင်ရေးစနစ်ကို ဆိုင်းငံ့ထားပြီး အဆင့်(၃)ဆင့်ရှိတဲ့ အဆင့်သတ်မှတ်ချက်အရ ရှူလန်မြို့ကို အန္တရာယ်ဖြစ်နိုင်ခြေ အများဆုံးမြို့အဖြစ် သတ်မှတ်ထားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုမရှိဟု ကြေညာထားသော်လည်း မြောက်ကိုရီးယားနိုင်ငံက ရောဂါကူးစက်ပျံနှံ့မှုကို ဖုံးကွယ်ထားသည်ဟု  လေ့လာစောင့်ကြည့်သူများက စွပ်စွဲထားသည်။ 

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ