နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာများကို ခြေရာခံစောင့်ကြည့်ရာတွင် ကူညီပေးခဲ့သည့် ပြည့်တန်ဆာများကို ဇမ်ဘီယာ ကျန်းမာရေးဝန်ကြီး ဂုဏ်ပြု

မေ  ၁၁၊  လူဆာကာ

ဇမ်ဘီယာနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် နာခွန်ဒီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်များ မြင့်တက်လာခဲ့ ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရှိသူများကို ခြေရာခံစုံစမ်းရာတွင် ပြည့်တန်ဆာများက အားတက်သရော ပါဝင် ကူညီပေးခဲ့သည်ဟု ဇမ်ဘီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောသည်။ နာခွန်ဒီမြို့တွင် COVID-19 လူနာသစ် ၈၅ ယောက်ရှိသည့်အနက် ၇၆ ဦးမှာ ပြည့်တန်ဆာ သို့မဟုတ် လော်ရီကားယာဉ်မောင်းများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ချီလူဖာက ပြောသည်။
''ပြည့်တန်ဆာတွေက အားတက်သရော ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အချက်အလက်တွေ ပေးတယ်။ ရောဂါပိုးရှိသူတွေကို ခြေရာခံရှာဖွေရာမှာ သူတို့က အရမ်းအသုံးဝင်ပါတယ်။ နာခွန်ဒီမြို့ရဲ့ အခြေအနေကတော့ ဆိုးရွားနေတုန်းပါပဲ။ သမ္မတကလည်း စိုးရိမ်နေတယ်''လို့ ချီလူဖာက ဆိုပါတယ်။

ဇမ်ဘီယာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၆၇ ဦးရှိပြီး ၇ ဦး သေဆုံးခဲ့သည်။ ဇမ်ဘီယာနိုင်ငံတွင် တစ်လကြာ ပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် ဇမ်ဘီယာသမ္မတ လန်ဂါက စားသောက်ဆိုင်များ၊ ကာစီနိုဝိုင်းများနှင့် ကိုယ်လက်လေ့ကျင့်ရေးခန်းမများကို ပြန်ဖွင့်ခွင့်ပေးခဲ့ကြောင်း သမ္မတက ကြေညာ ခဲ့သည်။       

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ