နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝတွက်တာ အရေးကြီးရာ မိခင်နို့ချိုတိုက်ကျွေးပါ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ် များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ်များဖြစ်ပြီး ၄၈ ဒသမ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ အနာဂတ်၏  သားကောင်းရတနာများသည် ယနေ့ကလေးသူငယ် များသာဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေး များ အမှန်ဖြစ်လာမည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင် များက အဓိကကျပေသည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။ သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။
မွေးဖွားလာသော ကလေးငယ်များ မွေးစ ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် လိုအပ်ပါသည်။ ရင်သွေးငယ်များ အာဟာရချို့တဲ့မှုကြောင့် အသက်မဆုံးရှုံးစေရေးနှင့် အာဟာရပြည့်ဝရေးတို့ အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည့်စရိတ်ကျဉ်းသော မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း၊ ကလေးငယ်များကို စနစ်တကျ အစာကျွေးခြင်းတို့သည် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သား၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာအောင် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်။
တချို့နို့တိုက်မိခင်များသည် နို့ထွက်မကောင်းဘဲ ကလေးငယ်လိုအပ်သော မိခင်နို့ပမာဏ ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသာ ရရှိကြသည်။ မိခင်အများစုသည် နို့ထွက်နည်းရခြင်းအကြောင်းမှာ စိုးရိမ်သောကရှိခြင်း၊ ဒေါသထွက်ခြင်း၊ နို့မတိုက်ခြင်း၊ ကြောက်ရွံထိတ်လန့်ခြင်းကြောင့် ဖြစ်တတ်သည်။ နို့ထွက်ကောင်းစေရန် မိခင် ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်ရန် ရေများများသောက်ရန်၊ အရည်ရွှမ်းသောသစ်သီးများ စားရန်နှင့် ဖျော်ရည်သောက်ရန်လိုအပ်သည်။ သားဦးမိခင်များအနေဖြင့် ကလေးငယ်ကို နို့တိုက်ရာမှာ ထိုင်ပုံအနေအထား၊ နို့တိုက်ပုံအနေအထားမမှန်ကန်မှုကြောင့် နို့ထွက်နည်းခြင်းဖြစ်တတ်သကဲ့သို့ ဆရာဝန်နှင့် သူနာပြုများထံမှ နို့ထွက်ပိုကောင်းစေသော အနေအထားမျိုးကိုသင်ယူဖို့ မရှက်ပါနှင့်။ မိခင်နို့တိုက်နေစဉ် ကလေးက ကိုက်တတ် သည်ကို မကြောက်လန့်ရန်လိုအပ်သည်။
ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များ ဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်း တို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြု ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း။            ။






အခြားဆက်စပ်သတင်းများ