နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်းမောက်မြို့နယ်၊ မံစီမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဗန်းမောက် မေ ၁၀

 မေ ၉ ရက်၊ နံနက် ၄ နာရီခွဲ အချိန် ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ဂဏန်းနန်းမူးသားကျေးရွာအုပ်စု၊ လယ်ပဒုံးကျေးရွာနေ ဝင်းဗိုလ်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၄၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၉၂၃ ပြား၊ ဘိန်းစိမ်း ၁၀ ဒသမ ၅၈ ကီလို တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဝင်းဗိုလ်(၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလူးတူ မေ ၉ ရက်၊ နံနက် ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ နန့်အူကြီးကျေးရွာ၊ အိမ်အမှတ် (နအက-၃၄)နေ ဆန်းမင်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၈ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၀၀၂ ကီလို တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဆန်းမင်း(၄၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိသည်။

အလားတူ မေ ၉ ရက်၊ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ နောင်ကန်ရွာအနီး၊ ကျိုင်းတုံ-လွိုင်မွေကားလမ်းတွင် မနာထီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မနာထီး (၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ