နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဦးနှောက်သွေးကြောဖောင်းခြင်းကြောင့် ဆေးရုံတက်ခဲ့ရသည့် Dr Dre ဆေးရုံမှ ပြန်ဆင်းခွင့်ရ

ဝါရှင်တန်   ဇန်နဝါရီ  ၁၇


ဦးနှောက်သွေးကြောဖောင်းခြင်းရောဂါကြောင့် ဆေးရုံတွင်ကုသမှုခံယူခဲ့ရသည့် အမေရိကန်ရက်ပ် အဆိုတော်နှင့်ထုတ်လုပ်သူ Dr Dre မှာ ဆေးရုံမှ ပြန်ဆင်းခွင့်ရခဲ့သည်။ Dr Dre အိမ်ပြန်ရောက်နေပြီဟု ယင်း၏ရှေ့နေက ပြောခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။ 

အသက် ၅၅ နှစ်ရှိသည့် Dr Dre မှာ ဇန်နဝါရီလ ၅ ရက်က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ Cedars-Sinai ဆေးရုံသို့တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု TMZ သတင်းဌာနက ဖော်ပြသည်။ နောက်ပိုင်းတွင် Dr Dre ၏ ကျန်းမာရေးအခြေအနေစိတ်ချရသည်ဟု ယင်း၏အဖွဲ့က ပြောသည်။ 

ဦးနှောက်သွေးကြောဖောင်းခြင်းမှာ သွေးကြောနံရံအားနည်းမှုကြောင့် သွေးကြောကြီးထွားလာခြင်း ဖြစ်သည်။ သွေးကြောပေါက်မှသာ ဦးနှောက်သွေးကြောဖောင်းသည့် ရောဂါလက္ခဏာများတွေ့ရလေ့ရှိပြီး ယင်းကဲ့သို့ အခြေအနေတွင် ဦးနှောက်အတွင်း သွေးယိုစိမ့်တတ်သည်။

(KNT)






အခြားဆက်စပ်သတင်းများ