နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတ မူဆီဗီနီ အနိုင်ရခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု ဘော်ဘီဝိုင်း ဆို

ကမ်ပါလာ   ဇန်နဝါရီ  ၁၇


ယူဂန်ဒါရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မူဆီဗီနီ ပြန်လည်ရွေးကောက်ခံခဲ့ရသည်ဟု ရွေးကောက်ပွဲ အရာရှိများက ပြောသည်။ ယူဂန်ဒါသမ္မတအဖြစ် ကာလရှည်တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့် မူဆီဗီနီမှာ မဲအရေအတွက် ၅၉ ရာခိုင်နှုန်းရရှိခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သူ ဘော်ဘီဝိုင်းက မဲအရေအတွက် ၃၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ သို့သော် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု ဘော်ဘီဝိုင်းက စွပ်စွဲထားသည်။ 

ပေါ့ပ်အဆိုတော်ဟောင်း ဘော်ဘီဝိုင်းက မဲမသမာမှုအထောက်အထားများ သက်သေပြသွားမည်ဟု အစောပိုင်းတွင် ကြုံးဝါးထားသည်။ သို့သော် ပြီးခဲ့သည့်ကြာသပတေးနေ့က ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုကျူးလွန်ခြင်းမရှိဟု ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်ထားသည်။ 

ရွေးကောက်ပွဲကာလတွင် အစိုးရက အင်တာနက်ဖြတ်တောက်ခဲ့ခြင်းကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများကဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲအပေါ် ယုံကြည်မှုကျဆင်းစေသည်ဟု ဆိုသည်။               (KNT)






အခြားဆက်စပ်သတင်းများ