နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စိတ်ကြွပြားများဖမ်းဆီးရမိ

လားရှိုး မေ ၁၀

  မေ ၉ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ဒေါင့်တလောင်လမ်းခွဲအနီး၊ လားရှိုး-နမ္မတူကားလမ်းတွင် ရွှေထွန်း(ခ)ပီအိုက် မောင်းနှင်ပြီး အိုက်ကျန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှဘိန်းဖြူ ၀ ဒသမ ၀၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါသည်။

ကွင်းဆက်အရ ညနေ ၅ နာရီအချိန်တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာနေ အိုက်ဦး(ခ)အိုက်နော့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ အိုက်ဦး(ခ)အိုက်နော့ထံမှ ဘိန်းဖြူ ၀ ဒသမ ၀၀၀၆ ကီလို၊ မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ရွှေထွန်း(ခ)ပီအိုက်(၂၉)နှစ်၊ အိုက်ကျန်း(၃၅)နှစ်၊ အိုက်ဦး(ခ)အိုက်နော့(၂၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၉ ရက်၊ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းနယ်မြေနေ လော်ဝင်ခိုင်း(ခ)လော်ခိုင်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၉၀ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် လော်ဝင်ခိုင်း(ခ)လော်ခိုင်း(၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ