နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟင်္သာတမြို့နယ်တွင် ဇနီးဖြစ်သူ၏ လည်ပင်းအား နိုင်လွန်ကြိုးဖြင့် ရစ်ပတ် သတ်ဖြတ်

ဟင်္သာတ မေ ၁၀

  မေ ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လက်ပံကုန်းကျေးရွာနေ ဒေါ်မိစန်း (၄၀)နှစ်သည် ယင်း၏နေအိမ်အိပ်ခန်းအတွင်း လည်ပင်းကြိုးပွန်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း သတင်းရရှိ သဖြင့် နိဗ္ဗာန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များဦးစီးသည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူ ၏ ခင်ပွန်းဖြစ်သူ ဦးအောင်နိုင်ဝင်း(၃၆)နှစ်မှ ယင်းလယ်တဲမှ ပြန်လာစဉ် ဇနီးဖြစ်သူ ဒေါ်မိစန်းမှာ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ၍ သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရသဖြင့် အလောင်းအား ဟင်္သာတပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နိဗ္ဗာန် နယ်မြေ ရဲစခန်း၌ သေမှုသေခင်း ရေးဖွင့်စစ်ဆေးခဲ့ပါသည်။

ထို့နောက် မှုခင်းဆရာဝန်ကြီးမှ ရင်ခွဲစစ်ဆေးရာ ဒေါ်မိစန်းမှာ မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးခြင်း မဟုတ်ကြောင်း သုံးသပ်ချက်အရ ဦးအောင်နိုင်ဝင်းအား ထပ်မံစစ်ဆေးရာ ယင်းသည် အရက်မူး၍ နေအိမ်သို့ ပြန်လာစဉ် ဒေါ်မိစန်းနှင့် စကားများရန်ဖြစ်ပြီး နိုင်လွန်ကြိုးဖြင့် ဒေါ်မိစန်း၏လည်ပင်းအား ရစ်ပတ်၍ ဆောင့်ဆွဲရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ