နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီတွင် K2 တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်သည့် ကမ္ဘာ့ပထမဆုံးတောင်တက်အဖွဲ့အဖြစ် နီပေါတောင်တက်အဖွဲ့ စံချိန်တင်

ခတ္တမန္ဒူ   ဇန်နဝါရီ  ၁၇


နီပေါနိုင်ငံမှ တောင်တက်သမား ၁၀ ဦးပါဝင်သည့် တောင်တက်အဖွဲ့မှာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင်ဖြစ် သည့် K2 တောင်ထိပ်ကို ဆောင်းရာသီတွင် အောင်မြင်စွာတက်ရောက်နိုင်သည့် ကမ္ဘာ့ပထမဆုံးတောင်တက် အဖွဲ့အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန်က အမြင့်ပေ ၂၈၂၅၁ ရှိသည့် K2 တောင်ထိပ်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တောင်တက်သမား ပူရ်ဂျာက ပြောသည်။ ယခုနှစ်ဆောင်းရာသီတွင် ကမ္ဘာ့စံချိန်တင်နိုင်ရန်အတွက် တောင်တက်သမား ဒါဇင်ပေါင်းများစွာက K2 တောင်သို့ တက်ရောက်ခဲ့သည်။ 

ယခုအားလပ်ရက်တွင် K2 တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် ပြုတ်ကျခဲ့ခြင်းကြောင့် စပိန်တောင်တက် သမားတစ်ဦးသေဆုံးခဲ့သည်။ ပါကစ္စတန်နှင့် တရုတ်နိုင်ငံနယ်စပ်တွင်ခွလျက်တည်ရှိသည့် ကာရာကိုရမ် တောင်တန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် K2 တောင်မှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထက် မီတာ ၂၀၀ သာနိမ့်သည်။ K2 တောင်မှာ မီတာ ၈၀၀၀ ကျော်မြင့်မားသည့် တောင် ၁၄ လုံးအနက် တစ်လုံးဖြစ်ပြီး ဆောင်းရာသီတွင်တက်ရောက်ရန် အခက်ခဲဆုံးတောင်အဖြစ် သတ်မှတ်ထားသည်။ ခက်ခဲကြမ်းတမ်း လွန်းသည့် ''ပုလင်းလည်ရစ်'' ‌နေရာမှာ အန္တရာယ်ဖြစ်နိုင်ခြေအများဆုံး နေရာတစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ်က အဆိုပါနေရာတွင် ရေခဲနှင့် ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် တောင်တက်သမား ၁၁ ဦး သေဆုံးခဲ့သည်။

(KNT)






အခြားဆက်စပ်သတင်းများ