နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲ၍ ဂျာဗားကျွန်းပေါ်ရှိ အမြင့် ၃ ဒသမ ၄ မိုင်အထိ မီးခိုးနှင့် ပြာမှုန့်များ ဖုံးလွှမ်း

ဂျာကာတာ   ဇန်နဝါရီ  ၁၇


အင်ဒိုနီးရှားနိုင်ငံတွင် ဆီမီရူမီးတောင်ပေါက်ကွဲခဲ့ခြင်းကြောင့် လူဦးရေအထူထပ်ဆုံးဖြစ်သည့် ဂျာဗားကျွန်း အပေါ်ဘက်ကောင်းကင်တွင် အမြင့် ၃.၄ မိုင်အထိ ပြာမှုန့်များနှင့် မီးခိုးများ ဖုံးလွှမ်းခဲ့သည်။ 

ဇန်နဝါရီလ ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၄ မိနစ်အချိန်တွင် ဆီမီရူမီးတောင်ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဒေသခံများကို နေရပ်ရွှေ့ပြောင်းခိုင်းသည့်အမိန့် ထုတ်ပြန်ခြင်းမရှိသေးပေ။ မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးခဲ့ခြင်းမရှိဟု သတင်းများက ဖော်ပြသည်။

ဆီမီရူတောင်ကုန်းပေါ်တွင် နေထိုင်သည့် ရွာသားများအနေဖြင့် မီးတောင်ထပ်မံလှုပ်ရှားမှုကို သတိထား ကြရန် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက သတိပေးထားသည်။ ရုပ်သံ မှတ်တမ်းများအရ အမြင့်ပေ ၁၂၀၆၀ ရှိသည့် ဆီမီရူမီးတောင်မှ ပြာမှုန့်များက နေအိမ်များကို ဖုံးလွှမ်းနေ ကြောင်း တွေ့ရသည်။ မိုးသည်းထန်စွာရွာသွန်းပါက မီးတောင်ချော်မှုန့်များနှင့် ပေါင်းစပ်စီးဆင်းမှုဖြစ်ပေါ်လာ နိုင်ခြင်းကြောင့် သတိထားစောင့်ကြည့်ကြရန် ကူရာကိုဘိုကန်မြစ်ဝန်းတွင် နေထိုင်သူများကို တိုက်တွန်းထား သည်။                                                                                                                                       (KNT)






အခြားဆက်စပ်သတင်းများ