နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဆူပူအုံကြွမှုများဖြစ်လာနိုင်၍ အမေရိကန်ပြည်နယ် ၅၀ လုံးတွင် သတိပေးထား

ဝါရှင်တန်  ဇန်နဝါရီ  ၁၇


လာမည့်ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ယခုအားလပ်ရက် တွင် ဆူပူအုံကြွဆန္ဒပြမှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅၀ နှင့် ဝါရှင်တန်ဒီစီ တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၆ ရက်ကဖြစ်ပွားခဲ့သည့် လူသေဆုံးစေသော ဆူပူအုံကြွမှုမျိုးထပ်မဖြစ်စေရန်အတွက် နိုင်ငံတစ်ဝန်းရှိ အမျိုးသားသက်စောင့်တပ်ဖွဲ့များကို ဝါရှင်တန်ဒီစီသို့ စေလွှတ်ထားသည်။ 

အမေရိကန်နိုင်ငံပြည်နယ် ၅၀ ရှိ မြို့တော်များတွင် ဒေါ်နယ်ထရမ့်ကိုထောက်ခံသည့် ဆန္ဒပြသူများက လက်နက်ကိုင်ဆောင်ပြီးချီတက်ဖွယ်ရှိသည်ဟု FBI က သတိပေးထားသည်။ ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ကိုလည်းပိတ်ထားပြီး ဝါရှင်တန်ဒီစီရှိလမ်းမများတွင် အတားအဆီးများစီတန်းချထားသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝါရှင်တန်ဒီစီသို့ခရီးထွက်လာခြင်းမပြုရန် ဂျိုးဘိုင်ဒင်၏အဖွဲ့က အမေရိကန်နိုင်ငံသားများကို တိုက်တွန်းထားသည်။ ပြည်သူများအနေဖြင့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ရုပ်သံမှသာကြည့်ရှုရန် ဒေသခံအရာရှိများက မေတ္တာရပ်ခံထားသည်။ 

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များက ကြိုတင်ကန့်သတ်ချက်များပြုလုပ်ထားပြီး မေရီလန်း၊ နယူးမက္ကဆီကို၊ ယူတားပြည်နယ်အုပ်ချုပ်ရေးမှူးများက အရေးပေါ်အခြေအနေကြေညာထားသည်။ ကယ်လီဖိုးနီးယား၊ ပင်ဆယ်ဗေးနီးယား၊ မစ်ချီဂန်၊ ဗာဂျီးနီးယား၊ ဝါရှင်တန်နှင့် ဝစ်ကိုဆင်ပြည်နယ်များတွင် လည်း အမျိုးသားသက်စောင့်တပ်ဖွဲ့များအသင့်ပြင်ဆင်ထားသည်။ တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့သည့် စနေနေ့မှစတင်၍ ကျမ်းသစ္စာကျိန်ဆိုပွဲမပြီးဆုံးမချင်း ပြည်နယ်လွှတ်တော်အဆောက်အအုံကိုပိတ်ထားမည် ဖြစ်သည်။                                                                                                                               

(KNT)






အခြားဆက်စပ်သတင်းများ