နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းလှမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၌ မီးလောင်မှုဖြစ်ပွား

မင်းလှ မေ ၁၀

 မေ ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲ အချိန်၌ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဈေးကြီး ကျေးရွာ အ.လ.က ဝင်းအတွင်း၌ ဆရာ/ဆရာမ များနေထိုင်ရန် ကိုယ်ထူကိုယ်ထ ဆောက်လုပ် ထားသည့် သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း လုံးချင်းနေအိမ် လိုင်းခန်း ၁၀ လုံးအနက် အဆိုပါကျောင်းတွင် ပန်းရံ ဝင်ရောက်လုပ်ကိုင်နေသော ဇင်မင်းထက်(၂၀)နှစ်ပါ အလုပ်သမား ၃ ဦး နေထိုင်သည့် လိုင်းခန်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် နေအိမ်လိုင်းခန်း ၁၀ လုံး ဆုံးရှုံးခဲ့သဖြင့် ဇင်မင်းထက် (ဖမ်းမိ)အား ရေနံမနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မေ ၉ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်၌ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာနေ အောင်မြင့်ကျော်(ခ)ဖိုးလုံး(၂၇)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၂၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၂ လုံး၊ ဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီး မီးလောင် ဆုံးရှုံးခဲ့ပြီး အောင်မြင့်ကျော် (ခ)ဖိုးလုံး တွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ရွှေဘိုမြို့မရဲစခန်းတွင်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ