နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ပြည်ထောင်စုအစိုးရက အီလီနွိုက်ပြည်နယ်သို့ နှာခေါင်းစည်းအမျိုးအစား မှားယွင်းပေးပို့

အိမ်ဖြူတော်က အီလီနွိုက်ပြည်နယ်သို့ N95 နှာခေါင်းစည်း ၃၀၀၀၀၀ ပေးပို့မည်ဟု ဆိုခဲ့သော်လည်း နှာခေါင်းစည်း များရောက်ရှိလာချိန်တွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ဖြစ်နေသည်ဟု အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ပရစ်ဇကာက ပြောသည်။ “အိမ်ဖြူတော်က ကျွန်တော်တို့ပြည်နယ်အတွက် N95 နှာခေါင်းစည်း ၃၀၀၀၀၀ ပေးပို့မယ်လို့ ကျွန်တော့်ကို ပြောတယ်။ ဒါပေမဲ့ သူတို့ပေးပို့ခဲ့တာက N95 နှာခေါင်းစည်းတွေ မဟုတ်ပါဘူး။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေဖြစ်နေပါတယ်။ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေကို ကျွန်တော်တို့ မတောင်းပါဘူး။ ပြည်ထောင်စုအစိုးရက အီလီနွိုက်ပြည်နယ်နဲ့ နိုင်ငံတစ်ဝန်းမှာ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံပေးပို့မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ဘယ်လောက်အထိ လိုအပ်နေလဲဆိုတာ စကားလုံးနဲ့ ပြောပြလို့တောင် မရနိုင်ပါဘူး’’ဟု ပရစ်ဇကာက ပြောသည်။ ပြည်ထောင်စုအစိုးရက အီလီနွိုက်ပြည်နယ်သို့ PPE ဝတ်စုံများ တတိယအကြိမ်မြောက် တင်ပို့ပေးခဲ့သော်လည်း ယင်းတို့တောင်းဆိုထားသည့် ပမာဏ၏ အစွန်းထွက်လောက်သာရခဲ့ကြောင်း အီလီနွိုက်ပြည်နယ်အစိုးရက ပြောသည်။ အီလီနွိုက်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသူ ၅၀၅၇ ဦး ရှိပြီး ၇၃ ဦး သေဆုံးခဲ့သည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ ၁၆၄၂၅၃ ဦးရှိနေပြီး လူ ၃၁၆၇ ဦး သေဆုံးခဲ့သည်။ အမေရိကန်နိုင်ငံမှာ COVID-19 စတင်ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူအများဆုံး နိုင်ငံဖြစ်နေသည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ