နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်၊ နည်းပညာစွမ်းရည်၊ ပေါင်းစပ်ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ   ၁၆

ကမ္ဘာ့တစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာများ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်မှု နည်းပညာများ၏ အပြန်အလှန်အထောက်အကူပြု တိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေး ဘဝပြောင်းလဲတိုးတက်လာပေသည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲ ဆောင်ရွက်နေသည် လက်ရှိကာလနှင့်ကိုဗစ်-၁၉ အလွန်ကာလများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်လျက်ရှိသည်။ အပြောင်းအလဲအခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုအခက်အခဲများ တွဲလျက်ပါဝင် လာသည်။ ကမ္ဘာ့အလုပ်အကိုင်လောကတွင် လုပ်ကိုင်ရမှုပုံစံများ လျင်မြန်စွာပြောင်းလဲလာပြီး ကာယလုပ်သား လိုအပ်ချက်ထက် ဉာဏလုပ်သားလိုအပ်ချက်များလာသည်။ အလုပ်အကိုင်အသစ်များတွင် ကျွမ်းကျင်မှု      ကူးပြောင်းဆောင်ရွက်နိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုအသစ်များ ကြိုးပမ်းအားထုတ်ရန်လိုအပ်သည်။

သို့သော် အဓိကရင်ဆိုင်ရသည့်ပြဿနာမှာ အရည်အချင်းနှင့်စွမ်းဆောင်ရည်မှာ အရန်သင့်အသုံးချနိုင်မှု အားနည်းခြင်းပင်ဖြစ်သည်။ ဝန်ဆောင်မှုစီမံခန့်ခွဲမှု၊ ဈေးကွက်ထိုးဖောက်မှုနှင့်အိုင်တီနည်းပညာသုံးလုပ်ငန်း များ အတွက် လုံလောက်သည့် ကျွမ်းကျင်အဆင့်လူသားအရင်းအမြစ်ပင်ဖြစ်သည်။ အခြေခံအားဖြင့် သာမန် လုပ်သားနှင့်ကျွမ်းကျင်လုပ်သားအဆင့်တွင်သာရှိသည်။ အနာဂတ်အလုပ်အကိုင်အသစ်များတွင်     Green Economy    ကို အထောက်အပံ့ဖြစ်စေသော   Green Skills    များ၊   New Skills          များ ပါဝင်သောအချိန်နှင့် အမျှပြောင်းလဲတိုးတက်နေသည့် ခေတ်သစ်ဒစ်ဂျစ်တယ်နည်းပညာများနှင့် ယှဉ်တွဲနေသော အလုပ်အကိုင် များ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများမှဝင်ရောက်လာသော အလုပ်အကိုင်များ၊ ကျွမ်းကျင်မှုကွာဟချက် သုတေသနပြုဖော်ထုတ် နိုင်ရေးလိုအပ်ပေသည်။

 ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ရွှေ့ပြောင်းလာသည် အလုပ်သမားများတွင် အမျိုးသမီး ရွှေ့ပြောင်းလုပ်သား ၅၀ ရာခိုင်နှုန်းပါဝင်သည်။ ယင်းတို့သည် အထည်အလိပ်နှင့်အထည်ချုပ်ဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်သည်။ ယခုကာလအတွင်း အထည်ချုပ်ကျွမ်းကျင်မှုသင်တန်း များတက်ရောက်ခြင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရယူထားခြင်းဖြင့် မြန်မာ့စီးပွားရေးကုစားမှု နှင့်ပြန်လည်ထူထောင်ရေး အစီအစဉ်နှင့်အတူ ပေါ်ပေါက်လာမည့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ အတွက် အဆင်သင့်ပြင်ဆင်ထားရန်လိုအပ်သည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်း ရေးအဖွဲ့၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရေးအတွက်    ၂၀၁၄ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ  အလုပ်အကိုင်အမျိုးပေါင်း ၃၀ အတွက် အောင်မြင်သူကျွမ်းကျင်လုပ်သား ၁၆၅၁၉ ဦးရှိခဲ့သည်။  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့နိုင်ငံတွင် သဘာဝသယံဇာတအခြေခံအရင်းအမြစ် များနှင့်လူ့စွမ်းအားအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် နည်းပညာအရင်းအမြစ်များ ပေါင်းစပ် ဆောင်ရွက်ပါက အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ကြိုးပမ်းအားထုတ်ဆောင်ရွက်စေ ချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ