နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယော့ခ်မြို့တွင် ခုံးကျော်တံတားပေါ်မှ ကားတစ်စီး ထိုးကျ၍ အနည်းဆုံး လူရှစ်ဦး ဒဏ်ရာရ

ဝါရှင်တန်  ဇန်နဝါရီ  ၁၆

နယူးယော့ခ်မြို့တွင် ခုံးကျော်တံတားပေါ်မှ ကားတစ်စီး ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံး လူရှစ်ဦး ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့ ညပိုင်းက ဘရွန့်ဇ်ခရိုင်ရှိ ခုံးကျော်တံတားပေါ်မှ အောက်ဘက်လမ်းမပေါ်သို့ ကားတစ်စီးထိုးကျနေသည့်ဓာတ်ပုံကို နယူးယော့ခ်မြို့ မီးသတ်တပ်ဖွဲ့က တွစ်တာပေါ်တွင် ဖော်ပြခဲ့သည်။

အဆိုပါဓာတ်ပုံတွင် ကားနောက်ပိုင်းမှာ ခုံးကျော်တံတားပေါ်တွင်တင်နေပြီး ကားရှေ့ပိုင်းမှာ လမ်းအောက်ဘက်သို့ကျနေကြောင်း တွေ့ရသည်။ ဒဏ်ရာရသူ ၈ ဦးတွင် ဘတ်စ်ကားယာဉ်မောင်းလည်း ပါဝင်ခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု အရာရှိများက ပြောသည်။ ယခုကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။                                                           

(KNT)






အခြားဆက်စပ်သတင်းများ