နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer ကာကွယ်ဆေး တင်ပို့မှုနည်းပါးခြင်းကြောင့် ဥရောပနိုင်ငံများ အခက်တွေ့

ဘရပ်ဆဲလ်   ဇန်နဝါရီ  ၁၆

အမေရိကန်နိုင်ငံအခြေစိုက် Pfizer ဆေးဝါးကုမ္ပဏီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး တင်ပို့မှုနှေးကွေးခဲ့ခြင်း ကြောင့် ဥရောပနိုင်ငံအများအပြား၏ ကာကွယ်ဆေးရရှိမှုမှာ ထင်မှတ်ထားသည်ထက် ပိုမိုနည်းပါးခဲ့သည်။ အဆိုပါအခြေအနေမှာ လက်မခံနိုင်စရာကောင်းပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်၏ စိတ်ချယုံကြည်မှု ကို လျော့နည်းစေသည်ဟု သတိပေးခဲ့သည်။

ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စ်တိုးနီးယားနိုင်ငံ ၆ နိုင်ငံက Pfizer နှင့် BioNTech ကုမ္ပဏီများကို ဖိအားပေးရန် ဥရောပသမဂ္ဂကို တိုက်တွန်းထားသည်။ သို့သော် ကာကွယ်ဆေး ဖြန့်ဖြူးမှုလျော့နည်းခဲ့ခြင်းမှာ အခိုက်အတန့်မျှသာ ကြုံရသည့်ပြဿနာဖြစ်ကြောင်း  Pfizer ကုမ္ပဏီက ပြောသည်။ ကာကွယ်ဆေးထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သည့် ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ အပြောင်းအလဲများကြောင့် ကာကွယ်ဆေးတင်ပို့မှုနှေးကွေးခဲ့ခြင်းဖြစ်ကြောင်း  Pfizer ကုမ္ပဏီက ဆိုသည်။
ဥရောပသမဂ္ဂမှာ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးတည်းကိုသာ မှီခိုအားထားနေရခြင်းမဟုတ်ဘဲ အမေရိကန်ကုမ္ပဏီ Moderna က ထုတ်လုပ်သည့် ကာကွယ်ဆေးကိုလည်း ထိုးနှံခွင့်ပြုထားသည်။        

(KNT)






အခြားဆက်စပ်သတင်းများ