နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးထိုးနှံရေးစီမံကိန်း စတင်

နယူးဒေလီ  ဇန်နဝါရီ  ၁၆

လူဦးရေ ၁.၃ ဘီလျံကျော်ကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်ပေးရန် ရည်ရွယ်သည့် ကမ္ဘာ့အကြီးမားဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်းကို အိန္ဒိယနိုင်ငံက စတင်ခဲ့ပြီဖြစ်သည်။ Covishield နှင့် Covaxin ဟု အမည်ရသည့် ခွင့်ပြုချက်ရ ကာကွယ်ဆေး ၂ မျိုးကို အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အဖုံရေသန်းချီ ဖြန့်ဖြူးပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး အရင်ဦးဆုံးထိုးနှံပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောသည်။ အိန္ဒိယနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိသည်။

''ကမ္ဘာ့အကြီးမားဆုံးကာကွယ်ဆေးထိုးနှံရေးစီမံကိန်း စတင်ပါပြီ။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာက သိအောင်ပြသသွားမှာပါ''ဟု ပြီးခဲ့သည့်စနေနေ့ မိန့်ခွန်းပြောကြားမှုတွင် နာရန္ဒြာမိုဒီက ပြောသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်မနေခဲ့စေရန်အတွက် ပြည်တွင်းဖြစ် app တစ်ခု၏ အထောက်အပံ့ရယူပြီး အကောင်းဆုံးပြင်ဆင်ထားသည်ဟု မိုဒီက ဆိုသည်။ ကာကွယ်ဆေးထိုးနှံမှုပထမအသုတ်တွင် ကျန်းမာရေးဝန်ထမ်း ၁၀ သန်းနီးပါးကို ထိုးနှံပေးမည်ဖြစ်ပြီး နောက်အသုတ်များတွင် ရဲအရာရှိများ၊ စစ်သည်များ၊ မြူနီစီပယ်အရာရှိများနှင့် အခြားရှေ့တန်းဝန်ထမ်းများကို ထိုးနှံပေးမည်ဖြစ်သည်။   

(KNT)






အခြားဆက်စပ်သတင်းများ