နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ်၌ အရက်ကြောင်သူ တစ်ဦးက မီးရှို့ကာ ဓားနှင့်ထိုး၍ ၂ ဦး သေဆုံး

မတ် ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်၊ မင်းတဲကုန်းကျေးရွာနေ စံလင်းအောင်(၄၃)နှစ်သည် အရက်ကြောင်ကြောင်ကာ တစ်ရွာတည်းနေ ဦးမင်းနိုင်၏နေအိမ်နောက် အဖီအား မီးရှို့နေ၍ မချိုချိုမာမှ တားဆီးရာ စံလင်းအောင်က အရိုး/အသွား ၆ လက်မခန့်ရှိ ဓါးနှင့်ထိုးခဲ့သဖြင့် မချိုချိုမာတွင် ရင်ညွန့် ထိုးသွင်းဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သည်။ ယင်းနောက် စံလင်းအောင်သည် အနီးရှိ ဦးခင်မောင်ကြည်၏ နေအိမ်ပေါ်သို့တက်သွားကာ နေအိမ်အပေါ်ထပ်တွင် ထပ်မံမီးရှို့ခဲ့ရာ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် စံလင်းအောင်တွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မချိုချိုမာအား မင်းဘူးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသစဉ် သေဆုံးခဲ့သဖြင့် မွန်းလွဲ ၁ နာရီတွင် စံလင်းအောင်(သေဆုံး)အား ပွင့်ဖြူမြို့မရဲစခန်း၊ (ပ)၂၁၉ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် လည်းကောင်း၊ (ပ)၂၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/ ၃၀၄-က ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ