နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ   ၁၅


တိုးတတ်ပြောင်းလဲဖြစ်ထွန်းခြင်းဟူသည် အများသူငါအတွက် ကောင်းကျိုးများရရှိစေနိုင်သော်လည်း တစ်ဖက်တွင် နောက်ဆက်တွဲဆိုးကျိုးလည်းရှိတတ်သည်။ ယင်းသည်မှာလည်း အကောင်းအဆိုးဒွန်းတွဲတတ် သည့်သဘောရှိသည်မို့  အပြစ်ဆိုဖွယ်မရှိပါ။ ထိုအကောင်းအဆိုးဒွန်တွဲနေသည့် ဖြစ်ထွန်းနေမှုများတွင် မော်တော်ယာဉ်များ များပြားလာခြင်းသည် အကောင်းတစ်ဝက်၊ အဆိုးတစ်ဝက်ဖြစ်နေသည်ဟုဆိုချင်ပါ သည်။ မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့်အစည်းကားဆုံးမြို့မှာ ရန်ကုန်မြို့ဖြစ်သည်။ လူမှုဘဝဖြစ်ထွန်းမှု များအားလုံးကို ရန်ကုန်မြို့တွင် ရှုမဆုံးမြင်တွေ့နိုင်သည်။ ထို့အထဲတွင် မော်တော်ယာဉ်များ တိုးတက်များပြား လာမှုမှာ ရန်ကုန်မြို့တွင် အများဆုံးစုံပြုံနေသည်ဟု ဆိုနိုင်ပါသည်။

 ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်မြို့ဧရိယာတွင် ယာဉ်ကြောပိတ်ဆို့မှုပြန်လည်ဖြစ်ပေါ်လာရာ ဖြေလျှော့မှုအနေဖြင့် ဘုရင့်နောင်ပွဲရုံနှင့်ဗိုလ်တထောင်ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်များ ပိတ်ဆို့မှုကို ဖြေလျှော့ခြင်းနှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းမောင်းနှင်သော ကုန်သေတ္တာတင် မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ခွင့်ပြုထားသော တံတားပေါ်မှမောင်းနှင်ရန် မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များက သတိပေးထားသည်။ ရန်ုကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုမှ ဖြေလျှော့နိုင်ရေး          လှိုင်မြစ်ကူးအောင်ဇေယျကြိုးတံတားပေါ်မှ ဖြတ်သန်းသည့် ယာဉ်နှင့် ကုန် ၃၆ တန်အတွင်းသာ ဖြတ်သန်းခွင့်ပြု သည်။ ကုန်သေတ္တာယာဉ်များကို ဘုရင့်နောင်အမှတ် (၁)၊ (၂) တံတားပေါ်မှ အသွားအပြန်ဖြတ်သန်းနိုင်ရန် ကြိုးစားလျက်ရှိပြီး ကုန်ပစ္စည်းမပါသော ကွန်တင်နာယာဉ်များကို ဘုရင့်နောင်အမှတ် (၂) တံတားမှဖြတ်ပြီး၊ ကုန်ပစ္စည်းပါကွန်တင်နာများကို ရွှေပြည်သာတံတားကဖြတ်သန်းရန် အသိပေးထားသည်။ ယာဉ်များပိတ်ဆို့ မှုများပြားသော ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့်ဗိုလ်တထောင် ကမ်းနားလမ်းတစ်လျှောက်တွင် ယာဉ်ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသည်။

 နောက်ဆက်တွဲ ဆိုးကျိုးမှာ  ယာဉ်ကြောပိတ်ဆို့နေသဖြင့် ခရီးသွားလာမှုကြန့်ကြာခြင်း၊ မြို့နေပြည်သူ လူထုအနေဖြင့် လမ်းပိတ်ဆို့မှု ဒဏ်ခံရခြင်း ယာဉ်အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ခြင်း၊ မော်တော်ယာဉ်များ ကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများ မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှုများ၊ ကျန်းမာရေးထိခိုက်မှုများစသည့် ဆိုးကျိုးများကို ရင်ဆိုင်လာကြရသည်။ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အဖြေရှာနိုင်ဖို့ သက်ဆိုင်ရာတို့က နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေကြပါသော်လည်း ပြေလည်မှုမရနိုင်သည်မှာ အထင်အရှားဖြစ်သည်။ ယာဉ် သုံးစွဲသူများနှင့်လမ်းအသုံးပြုသူတို့ စည်းကမ်းတကျလိုက်နာခြင်းဖြင့် မွန်းကျပ်မှုမှကင်းဝေးနိုင်မည်ဖြစ်သည်။ အဓိကအချက်မှာ တစ်ဦးချင်းစည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှုဖြစ်ရာ လမ်းစည်းကမ်းယာဉ်စည်းကမ်း ကို အလေးထားကျင့်ကြံသွားလာစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ