နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖားကန့်၊ ဇန်နဝါရီ  ၁၄


  ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၆ နာရီခွဲအချိန် ဖားကန့်မြို့နယ်၊ ကာမိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ကောင်ရာကျေးရွာအနီး၊ (၈)မိုင်-ကာမိုင်းသွားကားလမ်းတွင် ဇော်ဇော်လင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ် အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၄၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်လင်း(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်၊ နံနက် နံနက် ၃ နာရီခွဲအချိန် ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဇီဇဝါလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းအောင်အား စစ်ဆေးရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၃၄၆ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းခမ်းအောင်(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ