ရန်ကုန် ဇန်နဝါရီ ၁၄
Microsoft ကပညာသင်ကြားနေသူများနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် ရည်ရွယ်ပြီး Surface Pro 7 Plus ကိုကြေညာလာပြီဖြစ်ပြီး အဆိုပါ လက်ပ်တော့မှာ ၁၂ ဒသမ ၃ လက်မPixel Sense Display သုံးထားကာ USB Type C ပေါက်တစ်ခု ၊ USB Type A ပေါက်နှင့် နားကြပ်ပေါက်တို့ ပါဝင်သည်။
Surface Connect ပေါက်လည်းပါဝင်ပြီးဘက်ထရီ 50.4 Wh၊ ၁၅နာရီအထိအသုံးပြုနိုင်မည်ဟုဆိုထားသည်။ Wi-Fi ဗားရှင်းတို့မှာ micro SDXC ထောက်ပံ့ပြီး LTE မော်ဒယ်မှာnano SIM Card Slot ထောက်ပံ့ထားသည်။ Surface 7 Pro Plus ၏ Intel 11th Gen Core i3 (8GB RAM + 128GB SSD) ကို ၈၉၉ ဒေါ်လာ ၊ Core i5 (115G4) / (LTE) ကို ၁၁၄၉ ဒေါ်လာသတ်မှတ်ထားသည်။ LTE ဗားရှင်းမှာ Snapdragon X20 LTE Modem ပါဝင်သည်။ Core i7 (1165G7) မှာ RAM32GB + 1TB SSD ပါဝင်ပြီး ၂၇၉၉ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
(သူရိန်)