နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ဆာရောဂါများအတွက် ဆေးဖက်၀င် ခရမ်းချဉ်သီး

ဇန်နဝါရီ ၁၄

ဖရဲသီး၊ စတော်ဘယ်ရီ၊ မုန်လာဥနီ စသည့် အသီးအနှံ များကဲ့သို့ အသီးကိုအနီရောင်ဆိုးထားသည့် Pcoumaslic အက်ဆစ် နှင့် Chlorogenic အက်ဆစ်တို့၏ ဓာတ်ပေါင်းစုဖြစ်သော Lycopene ဓာတ်သည်လည်း  ခရမ်းချဉ်သီးထဲတွင် ပါရှိနေသည်။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေဖြစ်သည်။ ထိုဓာတ်မှာ ကင်ဆာဆဲလ်များ ပြန့်ပွားလာမှုအတွက် ထိန်းချုပ်ပေးနိုင်သော အစွမ်းထက်မြက်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိသည့် အတွက် လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ စအိုကင်ဆာ၊ မုန့်ချို အိတ်ကင်ဆာစသည့် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်း နိုင်ငံတကာ သုတေသနမှတ်တမ်းများတွင် ရေးသားဖော်ပြထားကြသည်။ ထို့ပြင် အူလမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် သားအိမ်ကင်ဆာ စသည်တို့ ဖြစ်စေမည့် အမြုတေများကို တားဆီးပယ်ဖျက်ပေးနိုင် သည်။ အပူပေးချက်ပြုတ်ထားသော ခရမ်းချဉ်သီး ဟင်းလျာများကို ပုံမှန်စားသုံးသော အမျိုးသားများသည်ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းထိ လျော့နည်းကြောင်း၊ အမျိုးသားများ မျိုးဆက်ပြန့်ပွားခြင်းကို အထောက်အပံ့ပေးနိုင်ကြောင်း ဆေးဂျာနယ်များတွင် ဖော်ပြထားသည်။ ခရမ်းချဉ်သီး အနှစ်ပါရှိသော ဟင်းလျာ အစားအစာများ (သို့မဟုတ်) ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ် စားသုံးပေးရုံမျှဖြင့် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်သည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ