နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယနေ့ကျန်းမာရေးသတင်းများ ကိုဗစ်ရောဂါက ရေရှည်အာရုံကြောဗေဒအပေါ် သက်ရောက်မှုရှိ

ဇန်နဝါရီ ၁၄    

ကိုဗစ်ကပ်ရောဂါဖြစ်စေတဲ့  ဆားကိုဗွီတူး (SARs COV2) virus ကရေရှည်မှာ အာရုံကြောပြဿနာရှိနိုင်ကာ၊     မှတ်ဉာဏ်လျော့ကျခြင်းနဲ့သူငယ်ပြန်ခြင်းရောဂါတို့ ဖြစ်‌စေနိုင်တယ်ဆိုတယ်။

ဆားကိုဗွီတူး (SARs COV2) Virus နှိပ်စက်မှုကို(၁) နှစ်ကျော်ကြာခံထားခဲ့ရပြီးနောက် ကမ္ဘာ့လူသား(၈၈)သန်း ကျော် ကူးစက်ပျံ့နှံ့ပြီးသေဆုံးသူ(၈)သန်းရှိခဲ့တယ်။ ခုအချိန်မှာ ဗြိတိန်နိုင်ငံမှကူးစက်မြန်ဆားကိုဗွီတူး (SARs COV2) Virus ထပ်မံတွေ့ရှိထားကာ နိုင်ငံပေါင်း(၁၅)နိုင်ငံနဲ့အာရှမှ စင်ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ် တို့မှာတွေ့ရှိလာပြီပဲ ဖြစ်တယ်။

လေ့လာမှုအရကိုဗစ်ရဲ့ အဆိပ်အချို့ဦးနှောက်အာရုံကြောစနစ်မှာ အတန်ကြာမြင့်နေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ အကြောတက်ခြင်း၊ မှတ်ဉာဏ်လျော့ကျခြင်းနဲ့ သူငယ်ပြန်ခြင်းတို့ပိုမိုဖြစ်လာစေနိုင်‌ကြောင်း တွေ့ရှိထားတယ်။

သိပ္ပံပညာရှင်အချို့က (SARs COV2) Virus ဟာအာရုံကြောတိုက်ခိုက်တဲ့ Virus လို့နားလည်ခဲ့ပြီး အာရုံကြောဆဲလ် (Nerve cells) ထဲဝင်ရောက်ကာပါးချိတ်‌ရောင် Virus (Mumps)၊‌ ခွေးရူး Virus (rabies)၊ အမ်အပ်တစ် Virus (Epstem-Bar Viruses) တို့လို အာရုံကြောအသင့်တင့်ထိခိုက်နိုင်ကာ ဦးနှောက်ရောင်ရမ်းခြင်း၊ လေဖြတ်ခြင်း၊ သေဆုံးခြင်းထိဖြစ်နိုင်တယ်ဆိုတယ်။

ဆားကိုဗွီတူး (SARs COV2) Virus ဟာတုပ်ကွေးဆန်ပြီး (၁၉၁၇-၁၉၁၈) စပိန်တုပ်ကွေးကပ်ရောဂါကာလက    ဦး‌နှောက်ချို့ယွင်းမှုများတွေ့ရှိခဲ့သလို၊ ဦးနှောက်မူမမှန်မှု၊ အချို့ကျန်ရစ်နိုင်ကြောင်းသု‌တေသီ ဒေါက်တာအရပ်စတင် (Dr.Gabriel A.de Erausquin)ဦးနှောက်အာရုံကြောပါမောက္ခ၊ ကမ္ဘာ့ဘဏ်ကျန်းမာရေးစင်တာဆန်အင်တိုနီးယား (San Antonia)ကဆိုတယ်။ သူကပါကင်စွန်းရောဂါ၊ အယ်ဇိုင်းမားရောဂါနဲ့ အခြားစိတ်ကျန်းမာရေးပြဿနာများ ကျန်ရစ်နိုင်တယ်ဆိုတယ်။
တွေ့ရှိမှုစာတမ်းကိုအယ်ဇိုင်းမားအဖွဲ့အစည်း(Alzheimer's Association)ဂျာနယ်မှာပုံနှိပ်‌ဖော်ပြထားပါတယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ