ရန်ကုန် ဇွန် ၁၄
လောကတခွင်ထာဝရငြိမ်းချမ်းသာယာစေချင်သည်မှာ လူတိုင်း၏အလိုဆန္ဒပင်ဖြစ်သည်။ အကျည်းတန် အရုပ်ဆိုးသည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ်ရာ ရပ်ဝန်းတို့ကိုမည်သူမျှအလိုရှိမည်မဟုတ်ချေ၊ အားလုံးမှာ အေးချမ်းစွာနေထိုင်ချင်သဖြင့် မကောင်းမှုကိုတွန်းပို့တတ်သည့်အရာမှန်သမျှကို သတိပြုကြရမည်ဖြစ်သည်။ လူတို့၏အတွင်းအဇ္ဇုတ္တသဘောမှာ မကောင်းမှုတွင်ပျော်မွေ့တတ်သည့် သဘောရှိပေသည်။ အပျော်ကြူး၍ စိတ်အလိုလိုက်မှုများနှင့်စည်းကမ်းလိုက်နာမှု အားနည်းမှုများရှိခဲ့ပေသည်။
ပြည်သူလူထုအကျိုး၊ ပြည်သူတို့၏ လူမှုစီးပွားရေးဘဝတို့ကို ကူညီဖော်ဆောင်ပေးကြရာတွင် အပြု သဘောဆောင်၊ အကောင်းမြင်စိတ်ထားတာ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးခြင်းသည် မွန်မြတ် သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ မွန်မြတ်သောစိတ်ထားသည် မိမိဒေသ၊ မိမိအကျိုးစီးပွားသာမက အနာဂတ် ကာလ မိမိပြည်ထောင်စု၊ မျိုးဆက်များအတွက် အကောင်းဆုံးလုပ်ဆောင်မှုပင်ဖြစ်သည်။ မိမိတို့ဖြစ်လိုသော စိတ်ဆန္ဒများထက် အနာဂတ်ပြည်သူများအတွက် မြော်တွေးလုပ်ဆောင်ခြင်းပင်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ပြည်သူလူထု၏ လိုအပ်ချက်ကိုအကြောင်းပြု၍ အဘက်ဘက်တွင် အကျပ်အတည်း အခက်အခဲဖြစ်အောင် အပြုသဘောမဆောင်သည့် ပြုမူမှုများ၊ ဆောင်ရွက်မှုများကို သတိထားရှောင်ကြဉ် ကြရမည်ဖြစ်သည်။ ပြည်သူလိုလားချက်ကို အကြောင်းပြု၍ အခက်အခဲအကျပ်အတည်းဖြစ်အောင်၊ အပြုသဘောမဆောင်သော ဆောင်ရွက်ချက်များသည် ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေနိုင်သော မမှန်ကန်သော လုပ်ဆောင်မှုဟုဆိုရမည်ဖြစ်ပေသည်။ နိုင်ငံသူ၊ နိုင်ငံသားတို့သည် မိမိတို့အကျိုးကို အမှန် တကယ်စေတနာထားသူကို အားကိုးလို၏။ မဟုတ်မမှန်သူကို ဆန့်ကျင်ကြ၏။ ဖိနှိပ်ချိုးနှိပ်မှုများကို ဆန့်ကျင် ရဲသူများဖြစ်၏။ မျက်မှောက်ကာလတွင် ထင်သာမြင်သာရှိပြီး လွတ်လပ်ပွင့်လင်းသည့် လူမှုအဖွဲ့အစည်းကို တည်ဆောက်နေသည့်အချိန်ကာလဖြစ်သည်။ ပွင့်လင်းမြင်သာသည့် အပြုအမှုများမှာ အများပြည်သူတို့ လိုလားသည့်ဆောင်ရွက်ချက်များဖြစ်ပေသည်။ လက်ရှိအခြေအနေတွင် မတရားမှု တန်းတူညီမျှမှု အလေး အနက်မထားမှုဖြစ်စဉ်များတွင် အမှားမှန်းသိပါလျက် မျက်စိစုံမှိက်ကာ အမှန်ဟုကြွေးကြော်နေကာမျှနှင့် အမှားသည်အမှန်ဖြစ်လာမည်မဟုတ်၊ စိတ်ထားမှန်ကန်ရိုးသားဖြူစင်ရန် လိုအပ်သည်။
ဘေးပယောဂတွန်းအားပေးမှုကြောင့် မဖြစ်သင့်မဖြစ်ထိုတ်သည်တို့ကို မဖြစ်ပွားအောင် ပြည်ထောင်စုကြီး၏ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မွန်မြတ်သည့်ရိုးသားဖြူစင်စိတ်ထားဖြင့် စွမ်းဆောင်စေချင် ကြောင်း။ ။