နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငှားယာဉ်အသုံးပြု၍ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများ လုယက်သူတစ်ဦးကို ဖမ်းဆီးရမိ

အငှားယာဉ်အသုံးပြု၍ ယာဉ်ပေါ်ပါခရီးသည်အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများ လုယက်သူ တစ်ဦးကို ဖမ်းဆီးရမိထားပြီး အမှုမှသက်သေခံရွှေထည်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိထားကြောင်း ရွှေဆွဲကြိုးပျောက်ဆုံးသူများအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မတ် ၂၄ ရက်က မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောင်မင်္ဂလာအဝေးပြေး ကားဝင်း အတွင်း၌ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်နေစဉ် လုယက်မှုများကျူးလွန်ထားကြောင်း ကြိုတင် သတင်းရရှိထားသူ အောင်ကိုဦး(ခ)ကောက်ကွေး (သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊ ဇဗ္ဗူသီရိ(၆)လမ်း၊ အမှတ်(၅၃၁)နေသူ)အား KYN CC/----- PROBOX အမျိုးအစား အငှားယာဉ်တစ်စီးအတွင်း၌ အရှည်(၈)လက်မခွဲခန့်ရှိ တူတစ်ချောင်းနှင့်အတူ တွေ့ရှိခဲ့ပြီး ယင်းလက်အတွင်းမှ Huawei အမျိုးအစား ဖုန်း(၁)လုံးနှင့် Y တံဆိပ်ပါ ရွှေလက်စွပ်အတု(၁)ကွင်းတွေ့ရှိခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍စစ်မေးရာ မတ် ၁၇ ရက်၊ နံနက် ၄ နာရီခန့်က အောင်မင်္ဂလာအဝေးပြေးဝင်း၊ ပုဂံလမ်းထိပ်၌ ယင်း၏အငှားယာဉ်ဖြင့် ခရီးသည်စောင့်ဆိုင်းနေစဉ် အသက်(၂၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသမီးတစ်ဦးမှ ငွေ ၇၀၀၀ ကျပ်ဖြင့် ရွှေပြည်သာမြို့နယ်သို့ ကားငှားခဲ့ကြောင်း၊ ဇေကမ္ဘာဝင်း အတွင်းရှိ မှောင်ရိပ်ကျသောနေရာတွင် ကားရပ်ကာ အဆိုပါခရီးသည်အမျိုးသမီး၏လည်ပင်းအား တူဖြင့်ထောက်၍ ရယူလာခဲ့သောပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီးဖမ်းဆီးရမိသူ အောင်ကိုဦး(ခ)ကောက်ကွေးအား အခြားလုယက်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေး စိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ယင်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအထိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များ အတွင်း ယင်းမောင်းနှင်သော အငှားယာဉ်ပေါ်ပါခရီးသည်အမျိုးသမီးများကို ဝက်အူလှည့်ဖြင့်ထောက်၍ ရွှေဆွဲကြိုး(၃)ကုံး၊ နားကပ်(၃)ရန်၊ နားကွင်း(၂)စုံ၊ ဟမ်းချိန်း(၁)ခုနှင့် ရွှေလက်စွပ်(၁)ကွင်း၊ စုစုပေါင်းတန်ဖိုးငွေ (၃,၂၅၃,၀၀၀)ကျပ်ကို လုယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ လုယက်မှုကျူးလွန်သူ အောင်ကိုဦး(ခ)ကောက်ကွေးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ယနေ့ထုတ်ပြန်ချက် အရသိရသည်။ ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ