နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လေးသန်းကျော်ရှိလာ

မေ  ၁၀၊  ဝါရှင်တန်

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လေးသန်းကျော်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၂၇၇၀၀၀ ကျော် ရှိလာခဲ့သည်။ အမေရိကန် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ကူးစက်ခံရသူ လေးပုံ၊ တစ်ပုံ၊ သေဆုံးသူ သုံးပုံ၊ တစ်ပုံမှာ အမေရိကန်နိုင်ငံမှဖြစ်သည်။ သို့သော် နိုင်ငံအများအပြားတွင် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသည့်နှုန်း နည်းပါး၍ အချက်အလက်များ တိကျမှုအားနည်းနေပြီး အမှန်တကယ် ရောဂါကူးစက်ခံရသည့်ပမာဏမှာ ထုတ်ပြန်ထားသည့် ပမာဏထက် ပိုများနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

စပိန်နိုင်ငံအပါအဝင် နိုင်ငံအချို့တွင် နေ့စဉ်သေဆုံးမှုနှုန်း ဆက်တိုက်ကျဆင်းနေသော်လည်း အသွားအလာ ကန့်သတ်မှုများကို ဖြေလျှော့ပေးပါက ဒုတိယလှိုင်းနှင့် ကြုံတွေ့မည်ကို စိုးရိမ်နေကြသည်။ တောင်ကိုရီးယား နိုင်ငံမှ ရောဂါကူးစက်မှုအများအပြားမှာ ဆိုးလ်မြို့ရှိ အပန်းဖြေခရိုင်တစ်ခုနှင့် ဆက်နွှယ်နေခြင်းကြောင့် စားသောက်ဆိုင်များနှင့် ဘားများကို ပိတ်ထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် ကုန်စည်ထုတ်လုပ်မှု၊ စီးဆင်းမှု ထိခိုက်ရခြင်းကြောင့် ကမ္ဘာ့နိုင်ငံများ၏ အစိုးရအဖွဲ့များမှာ စီးပွားရေးကျဆင်းမှု ရင်ဆိုင်နေရသည်။                                         

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ