နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရည်အသွေးမီ လျှပ်စစ်ပစ္စည်းများသုံးစေချင်

ရန်ကုန် ဇွန်  ၁၃


 မကြာမီနွေဦးအကြို ဆောင်းအလွန်ကာလရာသီ‌အပြောင်းတွင် အပူနှင့်အအေးဒွန်တွဲလျက် သာယာဖွယ် ကောင်းလှပေ၏။ သို့သော်လည်း အေးမြမှုနှင့်အတူ မလိုက်နိုင်ပါ၊  မကြာမကြာကြားနေရသော မီးသတ်ကား ဥဩဆွဲသံများကြားရမှုစိပ်လာသည့်အတွက် အေးချမ်းမှုတို့ လွင့်ပျောက်ကုန်၏။ မည်သည့်နေရာ၊ မည်သည့် မြို့နယ်၊ မည်သည့်ရပ်ကွက်စနည်းနာကြရ၏။ ကြိုတင်ပြင်ဆင်ရမည့် အနေအထားကို စေ့ငုကြရ၏ ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းရှိမြို့များ၌ မီးလောင်မှုများဖြစ်ပွားခဲ့ရာ နေအိမ်သုံး၊ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် ဖြစ်ခဲ့ကြရသည်။ နှစ်စဉ် မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည့် အကြောင်း ရင်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ်ပစ္စည်းများ ၊ အရည်အသွေးအာမခံ လျှပ်စစ် ပစ္စည်းများသုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီလျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၏ အားနည်းချက်လည်း ပါဝင်ပေသည်။

 ဈေးကွက်အတွင်း အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းများရောင်းချခြင်းသည် မီးလောင်ရာ လေပင့်သည့် လုပ်ရပ်ဖြစ်ပေသည်။ လျှပ်စစ်ကို အဓိကအားပြုအသုံးပြုရာတွင် ထုတ်လုပ်သူရော၊ သုံးစွဲသူများပါ သတိပြု သုံးစွဲမှသာ ဘေးကင်းလုံခြုံမည်ဖြစ်သည်။ နိုင်ငံသားများ၏ သဘာဝမှာ ဈေးသက်သာရေးကို ဦးစားပေး၍ ထုတ်လုပ်သူများဘက်က ထုတ်လုပ်မှုအရည်အသွေး စံချိန်မီမှုကိုအဖြစ် ထုတ်လုပ်၍ ဈေးကွက်တင်ပို့ရောင်းချ ကြသည်။ သက်ဆိုင်ရာများက ကြပ်မတ်စစ်ဆေးသုံးစွဲနိုင်ရေး ဆောင်ရွက်သင့်ပေသည်။ ထို့ကြောင့် အိမ်သုံး လျှပ်စစ်နှင့်အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ဘေးအန္တရာယ်မဖြစ်စေဘဲ၊ လုံခြုံစိတ်ချမှုရှိစေရန် နိုင်ငံတော်ကစည်းမျဉ်းများရေးဆွဲ အကောင်အထည်ဖော်နေ သည်။

လျှပ်စစ်အသုံးပြုသူများ ဘေးအန္တရာယ်မဖြစ်စေရေးနှင့် မီးဘေးကာကွယ်ရေးအတွက် သတိပြုရမည့် အချက်အလက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားရာ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားပမာဏ ပိုမိုလွန်ကဲစွာဖြစ်ပေါ်ခြင်းနှင့်ချို့ယွင်းပျက်စီးနေ သော လျှပ်စစ်ကိရိယာများ သုံးစွဲခြင်းမှအပူနှင့်မီးပွားများဖြစ်ပေါ်ခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ စံချိန် စံညွှန်းကိုက်ညီကောင်းမွန်သည့် လျှပ်စစ်ဝါယာကြိုးများသုံးစွဲခြင်း၊ မီးအားမြှင့်စက်သုံးစွဲပါက အတင်အချ သတိပြုရန်နှင့် မီးအားထိန်းကိရိယာချို့ယွင်းပါက လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို တပ်ဆင် သုံးစွဲရာတွင် မီးဒဏ်ခံနိုင်သောနေရာတွင် တပ်ဆင်ရန်နှင့် မီးလောင်လွယ်သောပစ္စည်းများအနီးတွင် မထားရန် လိုအပ်သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကိုလဲလှယ် ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ်သည့် စံနှုန်းအတိုင်းတပ်ဆင်ရန်နှင့်ခံနိုင်အားထက် ပိုမထည့်သွင်းရန် လျှပ်စစ်မီးဖို၊ မီးပူများသုံးစွဲပြီးလျှင် မီးပျက်လျှင် ခလုတ်ကိုပိတ်ပြီးမှ ပလပ်ခေါင်းဖြုတ်ရန်၊ ဝါယာရှော့ခ်ဖြစ်ပါ က ပင်မမိန်းခလုတ်ပိတ်ပြီး ခြောက်သွေ့သောအဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ် ဖုံးအုပ်ငြှိမ်းသတ်ရန်၊ ချိုးယွင်း နေသာ လျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးစွဲရန်၊ လျှပ်စစ်သုံးစွဲသူများ သတိပြုလိုက်နာရန် လိုအပ်ကြောင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ